တာရှည်ငြီးငွေ့မှုရဲ့သားကောင် ညည်းတွားနေသူ ၀ိညာဉ်အပေါ်
နိမ့်ကျ လေးလံတဲ့ ကောင်းကင်က အဖုံးလို ဖိလာတဲ့အခါ
မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို ဖက်ပွေ့ရင်း ညထက်များစွာ
မှောင်မည်းတဲ့ အနက်ရောင်နေ့ကို ငါတို့ပေါ် သွန်းချလိုက်တဲ့အခါ...
မျှော်လင့်ခြင်းဟာ လင်းနို့တစ်ကောင်လို ဟိုဒီ ပျံသန်းရင်း
နံရံတွေကို ကြောက်ကြောက်ရွံရွံတောင်ပံလေးနဲ့ ရိုက်ခတ်ကာ
တုတ်အဆွေးအမြေ့တွေကို ခေါင်းနဲ့တိုက်ကာ ဖြစ်နေရတဲ့
စိုထိုင်းထိုင်း အကျဉ်းတိုက်အဖြစ် လောကမြေကို ပြောင်းလဲလိုက်တဲ့အခါ
မိုးဟာဧရာမ သူ့မြားတံကြီးတွေကို ဖြန့်ကျက်ရင်း
ကျယ်ဝန်းတဲ့ ထောင်ရဲ့ တန်းများကို တုပလာတဲ့အခါ
စက်ဆုပ်ဖွယ် ပင့်ကူငြိမ်ဆိတ်ဆိတ် တစ်အုပ်ဟာ
ငါ့တို့ ဦးနှောက်ရဲ့ အတွင်းနက်နက်ထဲ အိမ်ဖွဲ့လာကြတဲ့အခါ...
ခေါင်းလောင်းတွေ ရုတ်တရက်အရူးအမူးပေါ်လာကြပြီး
ကြောက်ဖွယ် အူသံတစ်သံကို ကောင်းကင်ဆီ ပစ်လွှင့်လိုက်ကြတယ်။
လှည့်လည်နေတဲ့ အိုးအိမ်ကို နာနာဘ၀များ
ခေါင်းမာမာနဲ့ စတင်ငိုကျွေးရင်း ဟစ်လိုက်ကြသလိုပါပဲ
ပြီး ရှည်လျားလျား မသာရထားများ၊ဗုံမပါ ဂီတမပါ
ဖြည်းဖြည်းချင်း ငါ့ဝိညာဉ်ထဲက ဖြတ်နှင်သွားကြတယ် မျှော်လင့်ခြင်းဟာ
စစ်ရူံးလို့မို့ ငိုနေလေရဲ့ ရက်စက်တဲ့ အာဏာရှင် နွမ်းလျမှုက
သူ့အနက်ရောင် အောင်လံကို ငိုက်ကျနေတဲ့ ငါ့ဦးခေါင်းမှာ စိုက်ထူလေရဲ့
(ထင်းရူးပင်ရိပ် မှ......)
March 1, 2009
Subscribe to:
Posts (Atom)