August 22, 2009

မျှော်လင့်ခြင်းကြယ်'

မျှော်လင့်ခြင်းဆိုတဲ့
ကြယ်လေးတပွင့်ဟာ
ကျွန်တော့်ရင်ထဲမှာ
ပျောက်ကွယ်နေတာကြာပါပြီ
* * * အကယ်၍သာ
ဆက်ပြီးမျှော်လင့်နေရင်
ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းလေးက
ပြန်ပြီးလင်းလက်
တောက်ပ လာမှာတဲ့လား
* * * အကယ်၍သာ
ကြယ်လေးပြန်ပြီးအသက်ရှင်
လာမယ်ဆိုရင်တော့
ကျွန်တော့်မျှော်လင့်ချက်လေး
ထားချင်သေးတယ်
နောက်ဆုံးအနေနဲ့
ကျွန်တော့်ကို သူအလင်းပေးမှာပါ

သေချာပြီလား'


မိုးတိတ်သွားခဲ့တာ
သေချာသလား . . . ချစ်သူ
ကိုယ်တို့နှစ်ယောက်
ဖြတ်သန်းခဲ့တဲ့
မုတ်သုန်ရာသီကြီးက
ပြီးဆုံသွားလို့
မိုးတိတ်သွားခဲ့ပေမဲ့
ကိုယ့်မျက်ဝန်းထဲက
အခုမှ
သဲစပြုနေတယ် . . . ချစ်သူ