August 22, 2009

သေချာပြီလား'


မိုးတိတ်သွားခဲ့တာ
သေချာသလား . . . ချစ်သူ
ကိုယ်တို့နှစ်ယောက်
ဖြတ်သန်းခဲ့တဲ့
မုတ်သုန်ရာသီကြီးက
ပြီးဆုံသွားလို့
မိုးတိတ်သွားခဲ့ပေမဲ့
ကိုယ့်မျက်ဝန်းထဲက
အခုမှ
သဲစပြုနေတယ် . . . ချစ်သူ

2 comments:

~D_D~ said...

မိုက်တယ်ကွာ ။ ။ ။ ပုံရော ကဗျာရော လူရော ... အဲ ယောင်လို့ ယောင်လို့ ...

Ž said...

မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုနေရပြီ။ (သေချာပါတယ်... အဲဒါ ကြက်သွန်နီ လှီးရလို့)