April 27, 2009

ဖုံးကွယ်ထားတဲ့ ညံ့ဖျင်းမှု'

ချစ်သူသာ ကြည့်တတ်မယ်ဆိုရင်
ကျွန်တော့်ရင်ထဲက ချစ်ခြင်းတရားတွေရဲ့
အတိမ်အနက်ကို တွေ့လိမ့်မယ်
စာရွက်ဖြူတွေထဲ အတင်းထိုးသွင်းခဲ့တဲ့
ကျွန်တော့်ခံစားချက်တွေရဲ့ လေးနက်မှုအကြောင်း
ချစ်သူ သိလိမ့်မယ်
ချစ်သူကို ဖုံးကွယ်ထားခဲ့တဲ့
ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်က
ကျွန်တော့်နှလုံးသားရဲ့
ငိုကြွေးမှုတွေကို မြင်လိမ့်မယ်
အခွင့်ရှိရင်တော့
ကျွန်တော့်ရဲ့ထုတ်မပြရဲတဲ့
ညံ့ဖျင်းမှုတွေကို
ဖွင့်ဟပါရစေ . . .


နင့်ကိုသတိရတိုင်းသာ
ငါ့ကောင်းကင်မှာ
ကြယ်လေးတွေ ဖြစ်လာမယ်ဆိုရင်
ငါ့ကောင်းကင်ကြီးက
အမှောင်ဆိုတာကို
မြင်ဘူးမှာမဟုတ်တော့ဘူး...