February 25, 2009

ရောင်စုံ ရည်းစာ...

ရည်းစားစာပေးတဲ့အကြောင်းဆိုလို့ ကျွန်တော့်သူငယ်ချင်းတယောက်ရည်းစားစာ လိုက်ပေးတုန်းကအဖြစ်အပျက်ကိုသတိရမိသေးတယ်။

သူ့နာမည်က‘ဂြိုဟ်သား’ တဲ့......ရုပ်ကတော့ ဗေလုဝ နဲ့ နဂါးလေးဝင်းနိုင် စပ်ကျထားသလို သေးသေး ညှပ်ညှပ် ပုပု နဲ့ ဂြိုဟ်သားချော ချောတယ်ပေါ့။

တနေ့ အဲ့ဒီ့ကောင် ကောင်မလေးတယောက်ကို ရည်းစား စာလိုက်ပေးမလို့ဆိုပြီး ကျွန်တော်တို့ကိုလာခေါ်တယ်။
အားလုံးကလည်း ဒီလိုကိစ္စမျိုးဆို နှစ်ခါမခေါ်ရဘူး....တခါထဲနဲ့ကိုပါသွားကြတာ (သူငယ်ချင်းတွေကို... နော့)
ဟိုကိုရောက်တော့ သူ စာပေးမယ့်ကောင်မလေးကမလာသေးဘူး။
အဲဒါနဲ့ဘဲ အနီးအနားကလဖ္ဘက်ရည်ဆိုင်ထဲဝင်ပြီး ဟိုကြည့်ဒီကြည့် ဒီကြည့်ဟိုကြည့်နဲ့ပေါ့။
ရာသီဥတုကတော့ သူ့ဘက်မှာရှိတဲ့ပုံဘဲ။ မိုးသားတိမ်လိပ် တွေကချက်ချင်းကြီးကို မဲကျလာတာ။
ခဏကြာတော့ မိုးတွေနဲ့ အတူ ကောင်မလေးတယောက် လမ်းလျှောက်လာပါလေရော။
အဲ့ဒါကိုလည်းတွေ့ရော ဂြိုဟ်သားတယောက်ထိုင်ရမလို ထရမလိုနဲ့ ကကုန်းကွကွဖြစ်နေတော့မှ သူ စာပေးမယ့်ကောင်မလေးမှန်းသိကြတော့တယ်။
အားလုံးကလည်း ကြောင်တောင်တောင်ဖြစ်ပြီး သူ့ကိုငေးကြည့်နေကြတာပေါ့။ ဘာများထလုပ်တော့မလဲဆိုပြီး။
ပြီးမှ "သွားပြီကွာ" ဆိုပြီး အဲ့ဒီ့ ကောင်မလေးနောက်ကို တချိုးထဲ ထလိုက်သွားတော့တာ။
စဉ်းစားကြည့်ဗျာ မိုးရေထဲမှာ ဘယ်သူရည်းစားစာလိုက်ပေးဖူးလို့လဲ?
ထီးလိုက်ပေးပြီး မျက်နှာကောင်းယူတယ်ဆိုရင်လည်းတမျိုးပေါ့ အခုဟာက တားချိန်တောင်မရလိုက်ဘူး...
ဂြိုဟ်သား ရဲ့လျှင်မြန်ချက်ကိုပြောပါတယ် (သူငယ်ချင်းတူ သူငယ်ချင်း...ကိုး)။
ကျွန်တော်တို့တတွေလည်း လိုက်လာပြီးမှတော့ မထူးတော့ဘူးဆိုပြီး အရိပ်အချေကို လိုက်ပြီး အကဲခပ်ရတော့တာပေါ့။

ကောင်မလေးကလည်း သူ နောက်ကလိုက်လာမှန်းတောင်မသိဘူး။
မိုးတွေရွာ နေပြီး ထီးကလည်းမပါတော့ ခပ်သွက်သွက်လေးလျှောက်နေတာ။
အဲဒါကို သကောင့်သားက "ဟိတ်! ဟိတ်! ဒီမှာ" ဆိုပြီး အလိုက်မသိဘဲ နောက်ကနေလှမ်းခေါ်တယ်။
ပထမ တခါတော့ကောင်မလေးက သူ့ကိုခေါ်နေမှန်းမသိဘူး။
အဲ့ဒါကို ထပ်ခေါ်ပြီး "ဟိတ်! ဒီမှာ.... ရော့!" ဆိုပြီး ရည်းစား စာကြီးကို တခါထဲ ထိုးပေးလိုက်တာ။
ဟိုကောင်မလေးကလည်း စာပေးတာကို ထီးပေးတယ်ထင်ပြီး...ဆတ်ခနဲယူပြီး ဖွင့်မယ်လုပ်ပြီးမှ သူ့လက်ထဲမှာ ထီးမဟုတ်ဘဲ စာရောက် နေတာမြင်တော့ ကြောင် သွားတာပေါ့။
"ဒါဘာကြီးလဲ?" တဲ့။ သေရော......။
ဂြိုဟ်သားကတော့ သူ့မှာရှိတဲ့ သွား သုံးဆယ့် နှစ်ချောင်း ပေါ်လုမတက် အစွမ်းကုန်ဖြီးပြ (အဲ...ဟုတ်ပေါင်) ပြုံးပြပြီး... အချိုသာဆုံး သူ့ရဲ့ ဂြိုဟ်သားသံနဲ့ "အဲ့ဒါ ရည်းစားစာလေ" တဲ့ ။ သွားပြီ...။
ကောင်မလေးလဲ အတော်စိတ်ဆိုးသွားတာပေါ့။
ဒီလောက် မိုးတွေရွာလို့ ပြေးနေတာကို စာလိုက်ပေးရဲသေးတယ်ဆိုတဲ့သဘောနဲ့ ဘုကြည့် ကြည့်ပြီး...
ဘာစိတ်ကူး ပေါက်သွားတယ်သိဘူး.....ပြီးမှ...သူ့လက်ထဲက စာကို မိုးကာတဲ့သဘောအနေနဲ့ ဖြန့်ပြီး...ခေါင်းပေါ်တင်ပြီး ဆက်လျှောက်သွားတယ်။
အဲ့ဒါကိုမြင်တော့ ဂြိုဟ်သားလည်း ကြေကွဲတာပေါ့နော်။
သူ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ရေးထာတဲ့စာကို အဲဒီလိုလုပ်လိုက်တော့...
(သူပြောတာတော့ သုံးညတိတိ မအိပ်ဘဲ ရေးထားတဲ့ ရည်းစားစာဆိုဘဲ ။ ဒါကြောင့် အတန်းထဲမှာ စာကောင်းကောင်းမသင်ဘဲ အိပ်နေတာ..... အဲဒီ့ လောက်အထိကို ကြိုစားပြီး ရေးထားရတာ)
ဒါပေမယ့်..ဘာပြောရဲမှာလဲ..... ပါးမရိုက်ခံရတာတောင် ကံကောင်းလို့မဟုတ်လား။

ဒီလိုနဲ့ဘဲ.... ကောင်မလေးရဲ့နောက်ကနေ.... ခေါင်းငိုက်စိုက်နဲ့ မိုးရေထဲမှာ ကြေကွဲလို့ကောင်းနေတုန်း......
ကောင်မလေးက အနောက်ကိုလှည့်ပြီး... "ရှင် ဘာလို့ ဆက်လိုက်နေတာလဲတဲ့"
".........." ဂြိုဟ်သား ဘာမှမဖြေပါဘူး။ သူပါးစပ် အဟောင်းသားနဲ့ဘဲကောင်မလေးကိုကြည့်နေတယ်။
ကျွန်တော်တို့အားလုံးလဲ အလန့်တကြားနဲ့ ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ဘူးဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ ကောင်မလေးရဲ့ မျက်နှာပေါ်မှာ...သူပေးထားတဲ့ ရည်းစားစာကနေ စီးကျနေတဲ့ မှင်ရောင်စုံတွေ...
အနီ၊ အမဲ၊ အပြာ အရောင်စုံပါဘဲ။
သုံးညလုံးလုံး မအိပ်ဘဲ လက်ကမြင်းထားတဲ့ ရောင်စုံ မှင်စို ဘော(လ်)ပင်တွေ အစွမ်းက မိုးရေနဲ့တွေ့တော့ တခါတည်း ကိစ္စပြတ်ရောပေါ့။
ကောင်မလေးကလဲမသိဘူး။ ဂြိုဟ်သားကလဲဘယ်ပြောရဲမလဲ...သူပေးတဲ့ စာကနေ ရောင်စုံတွေ ဖြာနေတာကိုး။

ဂြိုဟ်သားလဲကြောင်တောင်တောင် ရပ်နေရော ကောင်မလေးလဲ သူအော်လိုက်လို့ ကြောက်ပြီး သူ့နောက် ဆက်မလိုက်တော့ဘူးအထင်နဲ့ ဆက်သွားတယ်။(အမှန်ကတော့ သူ့ရဲ့ရောင်စုံမှင်တွေနဲ့မျက်နှာကိုမြင်လို့ လန့်ပြီးမလိုက်တော့တာ..သူကတော့ဘယ်သိပါဦးမလဲ)
အခြေအနေကမကောင်းတော့ ကျွန်တော်တို့လဲ ပြေးဖို့ချောင်းရပြီပေါ့။
ဂြိုဟ်သားကလဲ ဟိုလိုလို ဒီလိုလို လုပ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ပြန်ပြေးလာတယ်။
မပြေးလို့လဲမရတော့ဘူးလေ။ဟိုကောင်မလေးဒီအကြောင်းသိတာနဲ့ သူ့ကိုအရှက်လိုက်ခွဲပါတယ်ဆိုပြီးတော့ ဆော်ပလော်တီးတော့မှာကိုး။
ခုနကတော့ အသဲကွဲပြနေပြီး....အခုတော့ ကြောက်ကြောက်နဲ့ပြေးလာတာများ လျှာတောင်ထွက်တယ်။


မတိုင်ပင်လိုက်ရဘဲ အားလုံး တပ်ညီလက်ညီနဲ့ ခြေကုန်သုတ် ပြေးလာကြတာ အိမ်ကိုဘယ်လိုပြန် ရောက်လာမှန်းတောင်မသိလိုက်ကြဘူး။(အဲ့ဒီ့ လောက်အထိကို လျှင်မြန်ကြတာ)
ကောင်မလေးလဲဘာဖြစ်ပြီး ကျန်ခဲ့တယ်မသိဘူး။ (အတော့်ကို စိတ်နာနေမှာတော့သေချာတယ်။)
ဂြိုဟ်သားလဲ အဲ့ဒီ့လမ်းကို မျက်စောင်းတောင်ထိုးပြီး မကြည့်ရဲတော့ဘူး။
သွားစရာရှိရင်တောင် တခြားကဘဲပတ်သွားတယ်။အဲ့ဒီလောက်အထိတောင် ကြောက်တာ။(ဂြိုဟ်သားသတ္တိပေါ့)

ဒီလိုနဲ့..........
ဒီလိုနဲ့ဘဲ..ဂြိုဟ်သားရဲ့ ရည်းစားစာလိုက်ပေးတဲ့ကိစ္စကြီးကလည်း ကြေကွဲစရာ ပုံပြင်တပုဒ်အနေနဲ့ဘဲ ကျန်ခဲ့ပါတော့တယ်ဗျာ။


ဂန်ဂျာ

February 23, 2009

..လူငယ်တစ်ယောက်၏ ရင်ဖွင့်ခန်း..

မင်းအပြုံးလေးတွေ တွေ့လိုက်တိုင်း ရင်ထဲမှာ စိမ့်ခနဲ့
ပါးချိုင့်လေးကြောင့်မဟုတ် ရပါဘူး …
အထစ်လိုက်ဖြစ်နေတဲ့ မင်းရဲ့မညီမညာ သွားလေးတွေကြောင့်ပေါ့ …
မင်းနဲ့ မျက်လုံးချင်းစုံ မိတိုင်း ..
ငါ့စိတ်တွေ ဂနာမငြိမ် တွေဖြစ်လာတယ် ..
မင်းလေးရဲ့ ဆွေနေတဲ့ မျက်လုံးလေးတွေက ..
ဘယ်သူ့ကိုများ ဆွဲဆောင်နေလဲ လို့ ..
ငါလေ အမြဲ အမြင်မှားခဲ့မိတယ် ..
တစ်ကယ်တော့ မင်းမျက်လုံးလေးတွေက ..
တစ်ခြားရောက်နေခဲ့လဲ .. ငါသာပိုင်ဆိုင်ခဲ့တယ်လို့ မသိခဲ့လို့ပေါ့ …
မင်းနဲ့ အတူ အနီးကပ်နေခွင့်ရတိုင်း …
ငါလေ .. မင်းပါးလေးပေါ်က သနပ်ခါးနံ့လေးကို နှစ်သက်မိပါရဲ့ …
မင်းရဲ့ .. ချွေးနံ့လေးတွေကို အမြဲ အနိုင်ယူခဲ့နိုင်လို့ပဲ ..
မင်းရဲ့ချိုသာလှတဲ့ အသံလေးကြောင့် ထင်ပါရဲ့ ..
စတွဲတဲ့နေ့ကစပြီး .. ငါရဲ့ Ipod လေးကို ညတိုင်းအားသွင်းရလေရဲ့ …

မင်းလေးကို စပြီး .. ပိုးကတည်းက ..
ငါ့မိဘတွေ ကုန်လိုက်တာ တောက်တောက်လဲပဲ ..
ငါသိပ်နှစ်ချိုက်တဲ့ … GIORDANO လေးတောင်
အဖောင်ကြီးဆီ မျက်စိလည် ခြေထောက်ပေါက်ပြီးရောက်သွားလေရဲ့ ..
စာဆိုရှိဖူးတယ် မဟုတ်လား …
အနှစ်နှစ် အကာကာ ချစ်တော့ လွယ်လွယ်နဲ့ဘယ်လက်လျှော့မလဲ ..
အိမ်ကကားကြီး ရှေ့မီးခွက် နောက်မီးခွက် ဟောင်လောင်းနဲ့ …
ဖားသားကြီး ကြက်တန်းကို မောင်းချသွားလေရဲ့ …

အဲလိုနဲ့ မင်းရဲ့ ညှို့စက်ကွင်းမှာ … ငါလေ ..
ဟန်နက်(စ်)စီ တစ်ပုလင်းနဲ့ .. ရစ်မူးခဲ့လေရဲ့ ..

မင်းမချစ်နိုင်တော့ဘူးလို့ ငါ့ကို ငြင်းတဲ့နေ့ကလေ …
Golden Gate တံတားကြီးပေါ်ကခုန်ချခါ နီးနီးမှ ..
ရေကူးတင်တန်းတက်တုန်းက လစ်ခဲ့တဲ့အချိန်တွေကို ပြန်မြင်ယောင်ရင်း ..
မြင့်မိုလ်တောင်ထိပ်မှာ မုန့်ဟင်းခါးဖတ်နဲ့ ဆွဲကြိုးချ ပြီး …
ငါ့အချစ်ကို သက်သေပြ ခဲ့တယ် ..

မင်းထားခဲ့တဲ့နေ့တွေဟာ .. အေးလွန်းလို့
လီယိုနာဒိုလို .. ခဲပြီးမဂန့်အောင်
ငါလေ .. အခန်းထဲမှာ ကြိတ်ပြီး
လက်ချောင်းလေးတွေကို ကီးဘုတ်ပေါ်မှာ
လေ့ကျင့်ခန်းတွေ ပေးခဲ့တယ် အချစ်ရာ ..

အချစ်ရယ် လောကကြီးက မတရားဘူးကွယ် …
မင်းလည်းမတရားဘူး ..
မင်းရဲ့အလှတရားတွေ ထဲမှာ ငါ့လောက်ရူးမိုက်မဲ မဲ့လူ ရှိနိုင်ဦးမလား …

~D_D~

မာနမျက်ရည် ..

မင်းသိပ်ပြီးအထင် ကြီးခဲ့တဲ့ အဲဒီမာနကြီးက …
ငါတို့နှစ်ယောက်ကို ဒီအခြေအနေထိ တွန်းပို့လိုက်ပြီလေ ..
မင်းလိုချင်တာ ဒါတွေလား ..
အဲဒီမာနကြီးကိုပဲ တစ်သက်စာ ပိုက်ထွေးပြီး
မင်းပျော်နေလေ …
တစ်ရက်မှာတော့ မင်းကို တစ်ဘ၀စာ သူအလဲထိုးလိမ့်မယ်. . .
သတိထားပေါ့ … သူ များလက်ညှိထိုးမခံ ရအောင် ..
အဲဒီအခါကျ မင်းမပျော်နိုင်တော့မှာ စိုးလို့ပါ ..
မာနနဲ့ ဘ၀ကို မလဲမိစေနဲ့ ချစ်သူ ..
တစ်ချိန်ချိန်မှာ နောင်တရမှာစိုးရိမ်မိတယ် …
မာနနဲ့ အချစ်ကို တန်းတူမထားမိစေနဲ့ …
အချစ်က တန်ဖိုးမရှိတော့မှာ စိုးရိမ်ရတယ် ..
မာန ချင်း မာန ချင်း မယှဉ်မိစေနဲ့ …
မင်းနဲ့ငါ .. နှစ်ဦးစလုံး ဆုံးရှုံးမှာ သေချာနေလို့ပါ …

~D_D~

February 22, 2009

အိပ်မက်မဟုတ်သော အိပ်မက် ...

မင်းနဲ့ပက်သက်ခဲ့သမျှတွေကို မေ့နိုင်ဖို့နေ့ရက်တွေ ရှားပေမယ့် ..
မင်းပေးခဲ့တဲ့ဒဏ်ရာအမာရွတ်တွေနဲ့ . . .
ရင်ခုန်သံမမှန်နိုင်တော့တဲ့ .. ငါရဲ့နှလုံးသားတစ်စုံအကြောင်း
စဉ်စားမိတိုင်း .. .. .. ခွင့်လွှတ်နိုင်ပေမယ့် …
နာကျဉ်းသွားတဲ့ စိတ်တစ်စုံက …
မင်းဆီက ဒီလိုအနာတရမျိုး ထပ်မံရယူဖို့ ဆိုတာ ..
အိပ်မက်တစ်ခု အဖြစ်တာ လက်ခံမယ် …

~D_D~

February 20, 2009

ချစ်ခဲ့ဖူးသူပါ

သေချာပေါက် တွေ့ ခဲ့ပါတယ်
အဲ့ဒိ့နေ့ က ဘယ်သူ့ ဆီကရောက်ခဲ့ တာလဲ

လှစ်ပြခဲ့တဲ့ အပြုံး မှာ
တမြတ်တနိုး
အဲ့ဒီ့နောက်မှာ
အေးစက်တဲ့တံလျှပ်တွေ
သိတယ်..
ခဏတော့မေ့ထားပါရစေ။


‘တစ်ချိန်ကပေါ့’ ဆိုတာကလွဲရင်
ဘာမှမထားခဲ့သူပါ။

နင့်နင့်သည်းသည်းပါပဲ ..
ဖြစ်တည်မူဆိုတာကိုတောင်
သင်္ချာတစ်ပုဒ်လိုတွက်ခဲ့မိသေးတယ်။


Yae

February 19, 2009

ပြန်လမ်းမဲ့ ခြေလှမ်း

နှင်းသီးလေးတွေ ကြွေကျနေတယ် ..
ပေတစ်ရာ လမ်းမကြီးပေါ်မှာ ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ ....
နှလုံးသားပေါ်က အမာရွှတ်တွေအလား ...
ပေတေတေနဲ့ ဆက်လျှောက်နေတုန်း ...
သတိရလို့ နောက်လှည့်ကြည့်လိုက်တော့ ....
ရင်ထဲမှာ ရုတ်တရက် အေးခနဲ့ ...
အားပါး ... လမ်းမကြီးက ဖြူဖွေးနေပါရောလား ...

~D_D~

ရင်ကွဲလမ်းဆုံ

လွမ်းလို့သေသွားရမယ်ဆိုရင်တောင်...ငါ့ကိုငါအရင်မြေ မြှုပ်ပစ်မယ်
နောက်ပြန် ကြည့်ရတာမောလို့ ....ခေါင်းငုံ့ပြီးလမ်းလျှောက်ခဲ့တဲ့သူပါ
အခုတော့...ခရေတွေတဖွဲဖွဲကြွေကျ
နွေဦးညများမှာတောင်
မျက်ရေနံ့ တွေသင်း....ပျံ့ ....လို့.....။

February 17, 2009

AngeL Vs. DeviL

The Angels ... They Burn Inside 4 Us
??? Are We Ever Gonna Learn 2 FLY ???

The DeviLz ... They Burn Inside Of Us
??? Are We Ever Gonna Come Bk Down ???

~ ~ ~ ~ ~ Come Around ~ ~ ~ ~ ~

I'm Always Gonna Worry About The Things
...................That Could Make Us Cold .....................

~D_D~

February 16, 2009

အိမ်ပြန်ချင်သူတစ်ယောက်ရဲ့.... တမ်းချင်း

ဆေးလိပ်လဲတို....

နေလဲညို...

ရာသီလဲပြောင်း...

အချိန်လဲနှောင်းခဲ့ပြီလေ...

ငါ့ကို အိမ်ပြန်ပို့ကြပါ။

kkk(lucky7)

February 15, 2009

... အင်ကြီး ...



အိပ်မက်ပေးတယ်ဆိုတာ ... မကောင်းဆိုးဝါး တွေအလုပ်မှတ်တာ
သိပ်ခင်မိတဲ့ ... သူငယ်ချင်းဆီကဖြစ်နေပါရော
မွေးနေ့မှာ .. ဘာမှမဟုတ်ပေမယ့်
ကတိတစ်ခုအတွက် မျှော်ခဲ့လေရဲ့
စာမပြန် ဖုန်းမခေါ်နဲ့ ပစ်ထားရက်တဲ့
OnLinE က FriEnd ကို ..
ရင်ထုမနာ
အချိန်မနှောင်းမီ
ရာဇ၀င်ထဲ
ကဗျာအထင်နဲ့
လူတိုင်းသိအောင် ကြေညှာလိုက်မယ် ...
မင်းလဲ ..
... အာပလာ ပဲလို့ ...

~D_D~

အသဲကွဲသူတယောက်ရဲ့ .........ညနေ

နေလည်း စောင်းခဲ့ ပြီ....
အချိန်လည်း နှောင်းခဲ့ပြီ...
ရာသီလည်း ပြောင်းခဲ့ပြီ....
အိမ်မက်တွေလည်း ဟောင်းခဲ့ပြီ...
သို့သော်...
မျှော်နေသူတို့မည်သည်
ဆက်၍သာ စောင့်မျှော်ကြပေဦးမည်......

February 14, 2009

ပေါ့ ရွှတ်ရွှတ်နဲ့ ငါ့ VALENTINE

အော် ... ချစ်သူများနေ့ဆိုပါပဲလား ...

မဆိုင်တော့တဲ့ နေ့ကြီတစ်ခု

သူများအတွဲတွေ ချစ်နေကြရင် မနာလို မဖြစ်ပေမယ့်လို့ ...

ဟိုဟာလေးတော့တိုမိ တာပေါ့ကွယ် ( အူ .. အူ .. လျှောက်တွေးမနေနဲ့ )

မင်းမရှိတော့လည်း .. ငါ့ဘ၀ကြီးကပေါ့ သွားသလိုပါပဲ ..

တစ်ချိန်ချိန်မှာတော့ ငါ ဆား ကောင်းကောင်းထည့်ပြီး အရသာပြန်ပြင်ယူရမှာပဲ

ချို ချဉ် ငံ စပ် အရသာတွေထဲ က ..

မင်းသိပ်ကြိုက်တဲ့ ချဉ်ငံစပ် တွေကလွဲရင် ..

ငါခံတွင်းတွေ့တဲ့ အချို တွေကို အိုးရဲ့အောက်ဆုံးမှာ ...

ဂျိုးကပ်နေအောင် မင်း မီးတိုက်ခဲ့လေ ရဲ့ ...

ငါရဲ့မြားနတ်မောင်လေး လာရင် ...

မြားမပစ်ခင် အရင် ဂျိုးကလော် ခိုင်းမှပါ ကလား....