February 23, 2009

မာနမျက်ရည် ..

မင်းသိပ်ပြီးအထင် ကြီးခဲ့တဲ့ အဲဒီမာနကြီးက …
ငါတို့နှစ်ယောက်ကို ဒီအခြေအနေထိ တွန်းပို့လိုက်ပြီလေ ..
မင်းလိုချင်တာ ဒါတွေလား ..
အဲဒီမာနကြီးကိုပဲ တစ်သက်စာ ပိုက်ထွေးပြီး
မင်းပျော်နေလေ …
တစ်ရက်မှာတော့ မင်းကို တစ်ဘ၀စာ သူအလဲထိုးလိမ့်မယ်. . .
သတိထားပေါ့ … သူ များလက်ညှိထိုးမခံ ရအောင် ..
အဲဒီအခါကျ မင်းမပျော်နိုင်တော့မှာ စိုးလို့ပါ ..
မာနနဲ့ ဘ၀ကို မလဲမိစေနဲ့ ချစ်သူ ..
တစ်ချိန်ချိန်မှာ နောင်တရမှာစိုးရိမ်မိတယ် …
မာနနဲ့ အချစ်ကို တန်းတူမထားမိစေနဲ့ …
အချစ်က တန်ဖိုးမရှိတော့မှာ စိုးရိမ်ရတယ် ..
မာန ချင်း မာန ချင်း မယှဉ်မိစေနဲ့ …
မင်းနဲ့ငါ .. နှစ်ဦးစလုံး ဆုံးရှုံးမှာ သေချာနေလို့ပါ …

~D_D~

No comments: