ဘယ်သူမွှေးတဲမီးပါလိမ့်
ငါ့မှာ....လောင်ကျွမ်းလိုက်ရတာ
မျှော်လင့်ချက်တွေအကုန် ပြာဖြစ်ခဲ့ရပေါ့။
အချစ်တွေ......
အိမ်မက်တွေ.....
ခံစားချက်တွေကိုမှ.......
လောင်စာအဖြစ် အသုံးပြုခဲ့တဲ့.....
(သွေးအေးအေးနဲ့ ပြုစားတတ်တဲ့ ....)
စုန်းပျိုမရေ......
အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီးဆိုတာ
ကမ္ဘာဦးအစက ရှာဖွေတွေ့ရှိခဲ့တဲ့မီးထက်ပိုပြီး
ပူပြင်း တောက်လောင်လိမ့်မယ်ဆိုတာ
ငါ တကယ်ကို မသိခဲ့လို့ပါ။
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က
8 years ago
4 comments:
မျှော်လင့်ချက်တွေတော့ပြာအဖြစ်မခံပါနဲ့ဗျာ။
လူဆိုတာမျှော်လင့်ချက်တွေနဲ့အသက်ရှင်နေရတာ။
အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီးဆိုတာ
ကမ္ဘာဦးအစက ရှာဖွေတွေ့ရှိခဲ့တဲ့မီးထက်ပိုပြီး
ပူပြင်း တောက်လောင်လိမ့်မယ်ဆိုတာ
I like that part... ( Bal ka kuu cha tar lal :P) hehe...
မင်းခိုက် ကူးစံ ရေ ... အားပေးတယ် ဗျို့ ... အတင်း အဓမ အားပေးခိုင်းနေကျ ပရိသတ် တစ်ယောက်ပါ ... ဆက်လက်ပြီးလည်း အားပေးဖို့ အစီအစဉ် ရှိပါ၏။ .. ..
လန်းတယ်ဗျာ ခံစားချက်တွေပါတယ်ထင် ပါ့။
"အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီး" ..... ဘုရား ဘုရား
သူပြောမှ ကြောက်တောင်ကြောက်လာပြီ။ အီးးးးးး
Post a Comment