
ဖြစ်နိုင်မယ်ဆိုရင်.....
ရော်ရွက်ဝါ တွေလိုဘဲ
ပေါ့ပေါ့ ပါးပါးလေးနဲ့
လွင့်မျော စွန့်ခွာ သွားချင်ခဲ့တာပါ။
အခုတော့....
ပက်ကြားအက်နေတဲ့ နှလုံး.....
ခြောက်သွေ့ပူပြင်းတဲ့ သက်ပြင်းများကြား...
'သ'ူပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက် ခပ်ရေးရေးကိုဘဲ
အကြိမ်ကြိမ် တမ်းတဖက်တွယ်
တခါ တခါ လည်း...
ခေါင်နေခဲ့ တဲ့ အချစ်တွေအတွက်
ဆုတောင်း ကြည့်ခဲ့မိသေးရဲ့။
တကယ်ဆို ......
ငါလည်း....
အရာရာကို ရယ်မော မေ့ပစ်လိုက်ချင်တာပေါ့ကွယ်။
မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့.....
ငါ့အတွက် .....
နွေရာသီ ကာလကလည်း.....
ရှည်လျား ပူအိုက်လွန်းလှတယ်။
2 comments:
အင်း... နွေရာသီကြီးကလည်း ပူလွန်းတယ်
ဆောင်းရာသီကြတော့လည်း အေးလွန်းတယ်
မိုးရာသီကြတော့လည်း စိုစွတ်ထိုင်းမှိုင်းလွန်းတယ်
နွေမိုးဆောင်းတွေကိုမေ့ပြီး Temperature တစ်ခုတည်းနဲ့ ချစ်နိုင်ကြရင် ...
hote pa naw..
Post a Comment