April 29, 2009

မချစ်ကဗျာ တစ်ပုဒ်

တော်.. တော်
အချစ်ကဗျာ ဆိုတာ လာမရေးခိုင်းနဲ့
အမုန်းကဗျာ ရေးတဲ့ဘက်မှာ အားသာနေပြီ ။

နေပါစေ ..
လာမချစ် ခိုင်းပါနဲ့တော့
နှလုံးသား အပိုင်းအစ တွေကို
လိုက်ကောက်ရမှာ ပျင်းလွန်းလို့ပါ။

ထားလိုက်ပါတော့ ..
သံယောဇဉ် ဆိုတဲ့ ကြိုးကို
ရွှေကတ်ကြေးနဲ့ ဖြတ်ရင်
အချိန်မရွေး ပြတ်မဲ့ ကြိုးတစ်ချောင်းပါ။

ဝေးဝေးကနေပါ ..
မချစ်နိုင်တော့ ပေမယ့်
မုန်းဖို့အားအင်တွေ ရှိသေးတယ်။

3 comments:

Ž said...

ဒါကတော့ရေလည်မိုက်တယ်...... chuka hae!!

Ž said...

သံယောဇဉ် ဆိုတဲ့ ကြိုးက ရွှေကတ်ကြေးနဲ့ ဖြတ်မှမဟုတ်ဘူး အလကားရတဲ့ ကတ်ကြေးနဲ့ဖြတ်လည်းပြတ်တယ်ကွယ့်။

~D_D~ said...

အဲဒါကြောင့် စဉ်းစားနေတာ .. အဲလိုဖြတ်လို့ မလွယ်အောင် ကတ်ကြေးတွေကို မျိုးတုန်းမလားလို့။ နာဇီခေတ်ကလို ... ဟီးဟိ...