ဒီကမ်းခြေလေးမှာပေါ့.....
နင် ငါ့လက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ထားဖူးတယ်။
ငါလည်း နင့်လက်ကိုပြန်ပြီး ဆုပ်ကိုင်ထားခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.......
နင် ငါ့ကိုချစ်တဲ့အကြောင်းတွေ ပြန်ပြောပြဖို့ ကြိုးစားဖူးတယ်။
ငါလည်း နင့်ကိုချစ်တဲ့အကြောင်းတွေ ပြန်ပြောပြချင်ခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.....
နင် ငါ့ကို ကြေကွဲတိတ်ဆိတ်တဲ့အကြည့်တွေ ပေးခဲ့ဖူးတယ်။
ငါလည်း နင့်ကို စိုစွတ်လဲ့ပြာတဲ့အကြည့်တွေဘဲ ပေးနိုင်ခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့......
ငါတို့နှစ်ယောက် နှုတ်ဆက်စကားတခွန်းမှမဆိုဘဲ လမ်းခွဲခဲ့ကြတယ်။
အဲဒီ့နေ့က........
ရင်ခုန်သံတွေကလွဲပြီး အရာအားလုံး ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.......
အခုတော့လည်း....ငါတယောက်တည်း ..........
အိပ်တန်းပြန်တဲ့ငှက်တွေနဲ့အတူ ဆည်းဆာချိန်တွေကို ခံစားတတ်နေပါပြီကွယ်။
5 comments:
အချင်းချင်းမို့ပြောတာမဟုတ်ဘူး။ဒီကမ်းခြေလေးကိုအရမ်းကြိုက်တယ်။
ဓာတ်ပုံကိုပြောတာလား?
အိပ်တန်းပြန်တဲ့ငှက်တွေနဲ့အတူ ဆည်းဆာချိန်တွေကို ခံစားတတ်နေပါပြီကွယ်။
ဓာတ်ပုံလေးနဲ့သိပ်လိုက်တဲ့စာသားလေး
သစ်ကိုင်းလေးပေါ်က ငှက်ကလေးကိုကြည့်ရင်း ပိုပြီးအထီးကျန် လာတယ်ကွယ်။ ။ ။
ခံစားမှုကိုပေါ်လွင်အောင် သိပ်ရေးတတ်တာပဲး...
Post a Comment