August 19, 2009

အဖြေ


နင်ပြောဖူးတယ်နော်
“နင်အရမ်းအတာပဲ” တဲ့
ငါ … အချစ်ကြောင့် အ ချင်ယောင်ဆောင်ခဲ့တာပါ ။ ။
“နင့်အတွက် တန်ရဲ့လား”တဲ့
ငါ … အချစ်ကို တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး ။ ။
“နင်ဘာတွေ ဖြစ်စေချင်တာလဲ” တဲ့
ငါ … နင့်ရဲ့ အရာရာ ဖြစ်ချင်ခဲ့တာပါ ။ ။
“နင်သေသေချာချာ စဉ်းစားပါ” တဲ့
င့ါ … နှလုံးသားနဲ့ ဦးနှောက် ထပ်တူညီ ဖြစ်ခဲ့ပါတယ် ။ ။
“နင့်ဘက်က ဆုံးရှုံးမှုတွေများပါတယ်” တဲ့
ငါ … အနိုင်အရှုံးတွေမှာ မပျော်မွှေ့တတ်ခဲ့လို့ပါ ။ ။
“နင့်ကို သနားတယ်” တဲ့
ငါ … မမေ့နိုင်မဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ။ ။
“နင် ငါ့ကိုမေ့လိုက်ပါတော့” တဲ့
ငါ … အခုထက်ထိကြိုးစားနေပါတယ် ။ ။ ။

7 comments:

neking said...

ကြိုးစားပေါ့ကွယ်

Ž said...

ထပ်တူထပ်မျှ ခံစားရပါတယ်။

“နင်ဘာတွေ ဖြစ်စေချင်တာလဲ” တဲ့
ငါ … နင့်ရဲ့ အရာရာ ဖြစ်ချင်ခဲ့တာပါ........တကယ်ပါပဲ။

~D_D~ said...

ငိုအောင်လုပ်နဲ့ နော် ... အခုတောင် ၀ဲနေပြီ ။။။ မျက်ရည် မျက်ရည် ~ ~ ~

~D_D~ said...

ကြိုးစားတိုင်းလည်း မဖြစ်နိုင် မရနိုင် တာ တစ်ခုပဲရှိတယ် ။။ အဲဒါ အချစ် ~

Ž said...

အိမ်း.... မှန်လေစွ မှန်လေစွ။
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား??
(အဲဒီ့ ဖေမြင့် စာအုပ် ထဲမှာ....ဒါကြောင့် အချစ်ရေးရာမပါတာကိုး...) :P

~D_D~ said...

ဂေါက်သီး ... သီးလိုက်ရ လူကြီးတွေ စကားပြောနေတာကို ပြောင်ချော်ချော်နဲ့ ...

ဟုတ်လား .. တစ်ကယ်မပါတာလား ..
လျှောက်ပြောတာတွေ မှန်နေပြီ။ ။ ။

Ž said...

တကယ်မပါတာကွ....သေချာလို့ပြောတာ ငှဲ...ငှဲ...ငှဲ.....