September 1, 2009

အရူးတယောက်ရဲ့ ရင်ခုန်သံ'



မိုးရေစက်တွေအောက်မှာ
သံယောဇဉ်ကို ကြိုးတန်း
ကျွန်တော့် နှလုံးသားကို
ထုတ်လှန်းခဲ့ဖူးတယ် . . .
နေရောင်ခြည်တွေအောက်မှာ
အတိတ်တွေကို ဒဏ်ခက်
ကျွန်တော့် ပါးပြင်လေးကို
အေးမြစေခဲ့ဖူးတယ် . . .
ဆောင်းနှင်းပွင့်တွေကြားမှာ
အနာဂတ်တွေကို မီးရှို့
ကျွန်တော့် ရင်ဘက်ကြီးကို
အေးခဲစေခဲ့ဖူးတယ်. . .
ဪ . . .
အခုတော့လဲ
အချစ်တွေကို ထုတ်ခင်း
နင်းလျှောက် စေခဲ့ပြီ
အတိတ်တွေကို မေ့လျော့
ရီမောနိုင်ခဲ့ပြီ
အသဲနှလုံးကို ပြန်ဆက်
ကိုးကွယ်နိုင်ခဲ့ပြီ

2 comments:

neking said...

အနာဂတ်တွေကို မီးရှို့
ကျွန်တော့် ရင်ဘက်ကြီးကို
အေးခဲစေခဲ့ဖူးတယ်. . .

ကောင်းလိုက်တဲ့စာသားလေ..ကူးချပြီ

Ž said...

စာသားတွေက လန်းတယ်။ လူလေးအတိုင်းပဲ..... ခစ်ခစ်!