February 17, 2009

AngeL Vs. DeviL

The Angels ... They Burn Inside 4 Us
??? Are We Ever Gonna Learn 2 FLY ???

The DeviLz ... They Burn Inside Of Us
??? Are We Ever Gonna Come Bk Down ???

~ ~ ~ ~ ~ Come Around ~ ~ ~ ~ ~

I'm Always Gonna Worry About The Things
...................That Could Make Us Cold .....................

~D_D~

February 16, 2009

အိမ်ပြန်ချင်သူတစ်ယောက်ရဲ့.... တမ်းချင်း

ဆေးလိပ်လဲတို....

နေလဲညို...

ရာသီလဲပြောင်း...

အချိန်လဲနှောင်းခဲ့ပြီလေ...

ငါ့ကို အိမ်ပြန်ပို့ကြပါ။

kkk(lucky7)

February 15, 2009

... အင်ကြီး ...



အိပ်မက်ပေးတယ်ဆိုတာ ... မကောင်းဆိုးဝါး တွေအလုပ်မှတ်တာ
သိပ်ခင်မိတဲ့ ... သူငယ်ချင်းဆီကဖြစ်နေပါရော
မွေးနေ့မှာ .. ဘာမှမဟုတ်ပေမယ့်
ကတိတစ်ခုအတွက် မျှော်ခဲ့လေရဲ့
စာမပြန် ဖုန်းမခေါ်နဲ့ ပစ်ထားရက်တဲ့
OnLinE က FriEnd ကို ..
ရင်ထုမနာ
အချိန်မနှောင်းမီ
ရာဇ၀င်ထဲ
ကဗျာအထင်နဲ့
လူတိုင်းသိအောင် ကြေညှာလိုက်မယ် ...
မင်းလဲ ..
... အာပလာ ပဲလို့ ...

~D_D~

အသဲကွဲသူတယောက်ရဲ့ .........ညနေ

နေလည်း စောင်းခဲ့ ပြီ....
အချိန်လည်း နှောင်းခဲ့ပြီ...
ရာသီလည်း ပြောင်းခဲ့ပြီ....
အိမ်မက်တွေလည်း ဟောင်းခဲ့ပြီ...
သို့သော်...
မျှော်နေသူတို့မည်သည်
ဆက်၍သာ စောင့်မျှော်ကြပေဦးမည်......

February 14, 2009

ပေါ့ ရွှတ်ရွှတ်နဲ့ ငါ့ VALENTINE

အော် ... ချစ်သူများနေ့ဆိုပါပဲလား ...

မဆိုင်တော့တဲ့ နေ့ကြီတစ်ခု

သူများအတွဲတွေ ချစ်နေကြရင် မနာလို မဖြစ်ပေမယ့်လို့ ...

ဟိုဟာလေးတော့တိုမိ တာပေါ့ကွယ် ( အူ .. အူ .. လျှောက်တွေးမနေနဲ့ )

မင်းမရှိတော့လည်း .. ငါ့ဘ၀ကြီးကပေါ့ သွားသလိုပါပဲ ..

တစ်ချိန်ချိန်မှာတော့ ငါ ဆား ကောင်းကောင်းထည့်ပြီး အရသာပြန်ပြင်ယူရမှာပဲ

ချို ချဉ် ငံ စပ် အရသာတွေထဲ က ..

မင်းသိပ်ကြိုက်တဲ့ ချဉ်ငံစပ် တွေကလွဲရင် ..

ငါခံတွင်းတွေ့တဲ့ အချို တွေကို အိုးရဲ့အောက်ဆုံးမှာ ...

ဂျိုးကပ်နေအောင် မင်း မီးတိုက်ခဲ့လေ ရဲ့ ...

ငါရဲ့မြားနတ်မောင်လေး လာရင် ...

မြားမပစ်ခင် အရင် ဂျိုးကလော် ခိုင်းမှပါ ကလား....