မင်းရဲ့ခက်ထန်တဲ့ စာထဲကစကားလုံးတွေက
တစ်ချိန်က ရက်စက်မှုကင်းတဲ့အကြည့်လေးတွေကို မကျော်လွှားနိုင်ခဲ့ပါလား . . .
ပျားရည်လိုချိုမြိန်လွန်းတဲ့ မင်းရဲ့ကတိစကားတွေ
ပိုးသားလေးတွေထက် နူးညံ့လှတဲ့ မင်းရဲ့အထိအတွေ့တွေ
ငါဘယ်လို ရက်စက်စွာ မေ့ပစ်လိုက်ရပါ့မလဲ ? ? ?
ငါ့ကိုဒီမေးခွန်းတွေဖြေပေးခဲ့ပြီးမှ ထားခဲ့ရင် ငါဝမ်းနည်းပြီးမကျန်ရစ်ခဲ့ပါဘူး . . .
မင်းက ငါနဲ့မင်း တစ်ချိန်တစ်ခါမှ မပက်သက်ခဲ့ဖူးသလို ပစ်ထားနိုင်ခဲ့တော့
ငါဆိုတဲ့ငပိန်းကြီးအတွက် တစ်ဘ၀စာ နာကြည်းမှုတွေ . . .
မင်းအတွက်တော့ တစ်ခြားရင်ခွင်တစ်ခုမှာ ငါဆိုတဲ့ ငပိန်းအတွက် . . .
တစ်စက္ကန့်လေးကိုတောင် သတိရ ကြည့်ပေးဖို့ ၀န်လေးနေမယ့် ..
မင်းဘ၀နောင်ရေးမှာ …
ငါဟာအသုံးမကျတဲ့သူ ၊ ငါဟာမင်းအတွက်တန်ဖိုးမရှိတဲ့သူ. . .
ငါဟာသရဲဘောကြောင်သူ ၊ ငါဟာကျေးဇူးကန်းသူ . . . . . . . ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ မင်းဘ၀ ကိုတာဝန်မယူချင်သူအဖြစ် . . .
မင်းရဲ့နေ့စဉ်မှတ်တမ်းမှာ ငါ့ကိုမှတ်တမ်းမတင်လိုက်ပါနဲ့
မင်းသာ ငါ့ဆီက… ထွက်ပြေးသွားခဲ့တဲ့ တရားခံပါ . . . . .
အဲဒီအတွက်ငါမမှားဘူး ၊ ဘယ်တော့မှလည်းမတောင်းပန်ပါရစေနဲ့တော့ . . .
March 20, 2009
Subscribe to:
Post Comments (Atom)
3 comments:
ငပိန်းကြီး၊ သရဲဘောကြောင်သူကြီး၊ ကျေးဇူးကန်းသူကြီး(ပြောရတာ အရသာရှိလိုက်တာ ဟီးဟီး.....အဲ...မှားလို့)
အဲဒီ့လိုတော့မပြောပါနဲ့ကွာ။
ခံစားရတယ်....တကယ်။
အင်း ... နိုင်ကွက်ရှိတုန်း နိုင်ထားဦးပေါ့ကွာ ... ဒိုင်ယာရီ စာအုပ်ထုပ်ပြီး မှတ်ထားလိုက်ပြီ ...
right ,,,,,amyin mhen twey ya nay p pae...aheeeeeee
Post a Comment