ပြုံးလိုက်တိုင်းမှာ သူ့မျက်နှာ
ပါးချိုင့်လေးနဲ့ပါ။
ချိုချို ရွှင်ရွှင် ပြည့်ပြည့်ဝိုင်း
ဖိုးလမင်းကြီးအတိုင်း။
မျက်စိမှိတ်ကာ စဉ်းစားရင်
ဖိုးဝရုပ်ဘဲမြင်။
မျက်လုံးဖွင့်လို့ ကြည့်လိုက်တော့
ဖိုးဝရုပ်လေးပေါ့။
ဒါပေမယ့်လည်း သူရှေ့မှာ
ဒါတွေမပြောပါ။
ပြောပြန်ရင်လည်း သူစိတ်ဆိုး
မျက်နှာကြီးကညှိုး။
ပုပ်သိုးသိုးကြီး မလှပါ
အမြဲပြုံးနေကွာ။
ဒီလိုပြောမှ သူပြုံးပြ
ကြည့်လို့ သိပ်သိပ်လှ။
March 23, 2009
Subscribe to:
Post Comments (Atom)
5 comments:
ကဗျာလေးကချစ်ဖို့အရမ်းကောင်းတာပဲ။
လူလေးကိုမြင်ရင် ပိုချစ်ဦးမှာ :P
ဘယ်သူလဲကွ ဘယ်သူလဲ အဲဒါ ... ။ မြင်ချင်လိုက်စမ်းပါဘိ ...
အဲဒါ.....ငါထင်တယ်နော်........ :P
lolzzz ....
သူရေးတော့လည်း ဟုတ်နေတာဘဲ။ သင်ပုန်းကြီး မြန်မာဖတ်စာမှာ ထည့်ရမလိုတောင်ဖြစ်နေပြီ။ တော်ပါ့ဗျာ။ :D
mite tae....poem ,,,hae hae
Post a Comment