March 25, 2009

ပါတနာကြီး

မပြီကလာ ပြီကလာ စကားတွေ သူယောင်ချ …
အိပ်ချင်သံလား မပီသံလား နည်းနည်းမှမကွဲဘူးဗျ..
“အင်း” ပြီးမှ နားလည်သလိုလို အယောင်ဆောင်ပေါင်းများပြီကို..
စကားဝဲသလား မေးမိတော့ ၀ူးဝူး ၀ါးဝါးနဲ့အော်တယ်ဗျို့ …

ကြိုက်တတ်လိုက်တဲ့ အရုပ်က သူ့ထက်နှစ်ဆကြီးတယ် ခင်ဗျ …
တူချင်လွန်းလို့ သူကျင့်ကြံ သန်းခေါင်ယံကျော်သွားပြန် …
အိပ်ပါဆိုလည်း သူမအိပ်တော့ ဘလော့တွေလျှောက်ဖတ်တတ်တယ်ဗျို့ ..
စားရှာသော်လည်း မ၀ပြန် ဘ၀ပေး ကုသိုလ်ကံ …
ဒါပေမယ့်လည်း သူလက်မလျှော့ ဖရဲသီးတစ်ခြမ်းကုန်တယ်ဗျို့ ..

တစ်ခါတစ်ခါ သူ အားနာလွန် အံသြလောက်အောင် အဖြစ်တွေမွန် …
မမေးပါနှင့် ယောင်လို့မှ သူအလွန် စိတ်နာသွားတတ်ပါ့ …
အားမနာတတ်ဖို့ သင်ပေးလျှင် သူလက်မခံချင် ..
အမေပေးတဲ့ အူဝဲပီဇ သွေးကြောထဲမှာစီးဝင်တယ်ဗျ ..
စွန့်လွှတ်ဖို့က ခပ်ရေးရေးဆိုတော့ ထပ်ပြီးမပြောချင်တော့ ..

တစ်ခါကလည်း သူအ၀တ်မှား ခြေဖနောင့် အနာဖြစ်သွား ..
ဒါပေမယ့်လည်း သူဇွဲမလျှော့ နောက်နေ့ကျတော့ ခွင့်ယူသဗျို့ ..
တစ်သက်နဲ့တစ်ကိုယ် မကြုံဖူး လေးစားမိတဲ့ သူလိုလူမျိုး …

2 comments:

Unknown said...

yay hter der yee ya tae...ahee ahee

Ž said...

သိပ်ပြီးလည်း ကိုယ့်ပါတနာကြီးကို မချီးမွမ်းပါနဲ့။ သူ မနေတတ်ဖြစ်နေအုံး ဦးမယ်။