March 29, 2009

ဧပရယ်

ဒီနွေဦးကတော့
ငါ့အတွက်ခပ်စွာစွာနဲ့ပဲဖူးပွင့်ခဲ့ပြီ
ကြေမွနေတဲ့ငါ့နှလုံးသားအတွက်
ခမ်းနားစွာနဲ့ပေါ့

ဖြစ်ရပ်ကတော့မနှစ်ကနဲ့မတူဘူးဟ
ငါအတွက်နှိပ်စက်နေတဲ့
မျှော်လင့်ခြင်းအိပ်မက်ဆိုးတွေက
ရုန်းထွက်နိုင်ခဲ့ပြီ

ဒါပေမယ့်....
ငါ့ရင်ဘတ်တခြမ်းတော့
စတေးခဲ့ရတာပေါ့

ဒါပေမယ့်ဆိုတဲ့
စကားလုံးနဲ့ကတော့အခုထိ
မလွတ်နိုင်ခဲ့သေးဘူးဗျာ

ဒီနှစ်တော့မင်းကိုငါလှိုက်လှဲစွာနဲ့
ကမ်းလင့်ပါတယ်
မင်းအခါခါငါ့ဆီလှမ်းလာခဲ့ပေမယ့်
ငါမင်းအတွက်မကြိုဆိုမိခဲ့ပါဘူး။

ဟိုတခါနင်လာတုန်းက
နင့်ရင်ဘတ်မှာပူလောင်မှုတွေ
ခမ်းခြောက်မှုတွေ
အထီးကျန်ဆန်ခြင်းတွေနဲ့ပေါ့

ငါမသိချင်ယောင်ဆောင်ခဲ့တာလား
ဒါမှမဟုတ်မင်းကပဲဟန်ဆောင်ကောင်းတာလား
ငါမသိခဲ့ပါဘူး
မင်းကဇွဲကောင်းကောင်းနဲ့
ငါဆီကိုအမြဲအလည်လာတတ်တယ်နော်

ကဲ...ဒီတစ်ခါတော့
မင်းနဲ့အတူတူ
ငါ့နွေဦးပုံပြင်တစ်ပုဒ်အတွက်
ပူလောင်မှုတွေနဲ့ဖြစ်ဖြစ်
ခမ်းခြောက်မှုတွေနဲ့ဖြစ်ဖြစ်
အထီးကျန်ဆန်ခြင်းတွေနဲ့ပဲဖြစ်ဖြစ်
ဖန်တီးကြည့်ကြတာပေါ့ကွာ

2 comments:

~D_D~ said...

ဒီနွေဦးမှာ နောက်ရင်ဘတ်တစ်ခြမ်း စတေးဦးမယ်ပေါ့ ? သူ ... အမှတ်မရှိသေးဝူး ...

Ž said...

မနှစ်က ရင်ဘတ်တခြမ်း စတေးပြီးတော့ ဒီနှစ်နောက်တစ်ခြမ်းပေါ့။
နောက်နှစ်ကြရင်တော့ ကျောတစ်ခြမ်း စတေးဖို့ မြင်ယောင်နေပြီ။
မတွေးရဲစရာပါလား။