August 19, 2009
....
အတ္တနဲ့ မာနကြားက သိုးမည်းတစ်ကောင်
မောပန်းကာ ဒဏ်ရာဗလဗွနဲ့
မာကြောခက်ထန် အပြင်ပန်းလှတော့လည်း
ထမင်းတစ်ပန်ကန်းစာအတွက်
သူ .. အချည့်အနှီးခံလိုက်ရသတဲ့။
မောပန်းကာ ဒဏ်ရာဗလဗွနဲ့
မာကြောခက်ထန် အပြင်ပန်းလှတော့လည်း
ထမင်းတစ်ပန်ကန်းစာအတွက်
သူ .. အချည့်အနှီးခံလိုက်ရသတဲ့။
အဖြေ

နင်ပြောဖူးတယ်နော်
“နင်အရမ်းအတာပဲ” တဲ့
ငါ … အချစ်ကြောင့် အ ချင်ယောင်ဆောင်ခဲ့တာပါ ။ ။
“နင့်အတွက် တန်ရဲ့လား”တဲ့
ငါ … အချစ်ကို တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး ။ ။
“နင်ဘာတွေ ဖြစ်စေချင်တာလဲ” တဲ့
ငါ … နင့်ရဲ့ အရာရာ ဖြစ်ချင်ခဲ့တာပါ ။ ။
“နင်သေသေချာချာ စဉ်းစားပါ” တဲ့
င့ါ … နှလုံးသားနဲ့ ဦးနှောက် ထပ်တူညီ ဖြစ်ခဲ့ပါတယ် ။ ။
“နင့်ဘက်က ဆုံးရှုံးမှုတွေများပါတယ်” တဲ့
ငါ … အနိုင်အရှုံးတွေမှာ မပျော်မွှေ့တတ်ခဲ့လို့ပါ ။ ။
“နင့်ကို သနားတယ်” တဲ့
ငါ … မမေ့နိုင်မဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ။ ။
“နင် ငါ့ကိုမေ့လိုက်ပါတော့” တဲ့
ငါ … အခုထက်ထိကြိုးစားနေပါတယ် ။ ။ ။
Hope
အိပ်မက်...တံငါ
မသေချာသော လိုအပ်ချက်များ

ကြယ်လေးတွေကြွေတိုင်း ဆုတောင်းမိတာ
အချစ်သစ် မဟုတ်ဘူး
ဖြူစင်တဲ့ ရင်ခုန်သံလေး တစ်ခုပါ ။ ။ ။
နေရောင်ခြည်လေးတွေ ဖြာကျတဲ့အခါ
ခံစားချင်တာ အချစ်မဟုတ်ဘူး
သံယောဇဉ်လေး တစ်ခုပါ ။ ။ ။
တိမ်တိုက်လေးတွေ လွင့်ပါးသွားတဲ့အခါ
ပျောက်ကွယ်သွားတာ အချစ်မဟုတ်ဘူး
မျှော်လင့်ချက်လေးတွေပါ ။ ။ ။
သစ်ရွက်လေးတွေ ကြွေကျတဲ့အခါ
နှမြောတမ်းတမိတာ အချစ်မဟုတ်ဘူး
ကြွေကျခဲ့တဲ့ နှလုံးသားလေးကိုပါ ။ ။ ။
စမ်းချောင်းလေး စီးဆင်းသွားတဲ့အခါ
မြောပါသွားတာ အချစ်မဟုတ်ဘူး
ဘ၀လေးတစ်ခုပါ ။ ။ ။
လေစိမ်းတိုက်တဲ့ အခါ
ရင်ထဲ လှိုက်ခါသွားစေတာ အချစ်မဟုတ်ဘူး
အိမ်မက်လေးတစ်ခုပါ ။ ။ ။
August 12, 2009
လူလိမ္မာ
ခေါက်ရိုးကျိုး နင့်ရဲ့ဆုံးမစကားတွေကြောင့်
ဆေးလိပ်အစား ပီကေဝါးတယ်
အရက်အစား ရေသောက်တယ်
ဒီလိုပါပဲ.....
မိုက်မဲစွာ ရိုကျိုးလိမ္မာနေမိတဲ့....ငါ
နင့်ကိုလွမ်းတိုင်း
ပါးညောင်း ဗိုက်ဖောင်းရတယ်။
ဆေးလိပ်အစား ပီကေဝါးတယ်
အရက်အစား ရေသောက်တယ်
ဒီလိုပါပဲ.....
မိုက်မဲစွာ ရိုကျိုးလိမ္မာနေမိတဲ့....ငါ
နင့်ကိုလွမ်းတိုင်း
ပါးညောင်း ဗိုက်ဖောင်းရတယ်။
August 11, 2009
တဖက်သက်
ကျွန်တော်....မချစ်တတ်သေးပါဘူး။
သူ့ဘက်က တုန့်ပြန်မှုကိုမျှော်လင့်မိနေတုန်း....
ကျွန်တော်....မယုံကြည်တတ်သေးပါဘူး။
သူ့ကို သဝန်တိုမိနေတုန်း....
ကျွန်တော်....မရိုးသားသေးပါဘူး။
သူမကြိုက်တဲ့စကားများ ပြောမိမှာကြောက်နေတုန်း......
ကျွန်တော်....မဖြူစင်သေးပါဘူး။
သူ့ကို ပိုင်ဆိုင်ချင်နေတုန်း.....
ကျွန်တော်....နားမလည်တတ်သေးပါဘူး။
သူ့ကို သတိရလွမ်းဆွတ်နေတုန်း.......
August 4, 2009
July 29, 2009
ကမ်းခြေ.....
ဒီကမ်းခြေလေးမှာပေါ့.....
နင် ငါ့လက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ထားဖူးတယ်။
ငါလည်း နင့်လက်ကိုပြန်ပြီး ဆုပ်ကိုင်ထားခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.......
နင် ငါ့ကိုချစ်တဲ့အကြောင်းတွေ ပြန်ပြောပြဖို့ ကြိုးစားဖူးတယ်။
ငါလည်း နင့်ကိုချစ်တဲ့အကြောင်းတွေ ပြန်ပြောပြချင်ခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.....
နင် ငါ့ကို ကြေကွဲတိတ်ဆိတ်တဲ့အကြည့်တွေ ပေးခဲ့ဖူးတယ်။
ငါလည်း နင့်ကို စိုစွတ်လဲ့ပြာတဲ့အကြည့်တွေဘဲ ပေးနိုင်ခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့......
ငါတို့နှစ်ယောက် နှုတ်ဆက်စကားတခွန်းမှမဆိုဘဲ လမ်းခွဲခဲ့ကြတယ်။
အဲဒီ့နေ့က........
ရင်ခုန်သံတွေကလွဲပြီး အရာအားလုံး ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။
ဒီကမ်းခြေလေးမှာပေါ့.......
အခုတော့လည်း....ငါတယောက်တည်း ..........
အိပ်တန်းပြန်တဲ့ငှက်တွေနဲ့အတူ ဆည်းဆာချိန်တွေကို ခံစားတတ်နေပါပြီကွယ်။
July 23, 2009
သစ်စိမ်းချိုး
Subscribe to:
Posts (Atom)





