July 23, 2009

သစ်စိမ်းချိုး


'အရိပ်နေနေ အခက်ချိုးချိုး' တဲ့
ဟုတ်ပါတယ်.....
နင်လည်း........
ငါ့ရဲ့ ချစ်ရိပ်မှာနေခဲ့ပြီး
ငါ့ကို .........
သစ်စိမ်းချိုး ချိုးသွားခဲ့တာပဲလေ။




July 1, 2009

အရူးတစ်ယောက်ရဲ့ မှတ်တမ်း....



အမှန်တရားအတွက် မျက်လုံးတွေကန်းနေခဲ့တာကြာပါပြီ......
ငါ့ရဲ့ ........................
မြဲမြဲဆုပ်ကိုင်ထားတဲ့ အညတရလက်တွေထဲမှာ
အတိတ်ကအမှတ်တရတွေရှိနေလေရဲ့။

ချစ်ခဲ့ဖူးပါတယ်.....
ချစ်နေဦးမှာပါလို့.....
ရေးထားတဲ့ ငါ့ရဲ့မျှော်လင့်ချက်ကျမ်းစာမှာလည်း
နင်မမြင်နိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်များစွာနဲ့ပေါ့။

အချိန်တွေဟောင်းသွားပေမယ့်
မေ့လို့မရတဲ့အကြောင်းအရာတွေလည်းရှိတယ်ဆိုတာ
နင့်ဓာတ်ပုံဟောင်းလေး ကြည့်မိပြီး ကျခဲ့တဲ့
ငါ့မျက်ရည်တွေက လှောင်ရယ်ပြောပြမှသိခဲ့ရတာပါ။

လွမ်းတဲ့အကြောင်းကို ထုတ်ပြောပြဖို့ ခွန်အားတွေ
ဘုရားသခင်ထံလက်ဖြန့်တောင်းရင်း
ခေါင်းငုံ့တိတ်ဆိတ်နေမိခဲ့တာ ဘယ်ဝဋ်ကြွေးတွေများကြောင့်ပါလဲ။

မြောက်လေသွေးတိုင်း မွှေးမြနေတဲ့စံပယ်ပန်းရနံ့တွေ
သတိရခြင်းတွေကို သယ်ဆောင်လာ ခဲ့လေသလား
တစ်စက်......
နှစ်စက်.............
သုံးစက်.....................
ငါ့ရဲ့ ကောင်းကင်မှာ လွမ်းမောခြင်းမိုးစက်သံတွေ ညံသွားခဲ့တယ်။

မေ့ပြစ်နိုင်ဖို့အတွက် အချိန်အတိုင်းအတာတခုလိုတယ်တဲ့....
ကြေကွဲစွာပြောနေတဲ့ မယ်ဒလင်အိုကြီးရဲ့အသံ
မဲ့ပြုံးတခုတည်းနဲ့ ရဲရင့်စွာ ငါ...တုံ့ပြန်ခဲ့တယ်။

အနက်ရောင်ပုရပိုဒ်ကိုကိုင်စောင်ထားတဲ့မာရ်နတ်ရေ....
သူပျော်ရွှင်ဖို့အတွက် ...ငါ့ကို ...ကျိန်စာခါးခါးများပေးသနားပါ။
သူချမ်းမြေ့ဖို့အတွက် ...ငါ့ကို .....ဒဏ်ရာဒဏ်ချက်များပေးသနားပါ။
ကြင်နာသူရဲ့အပြုံးလှလှတစ်ခုအတွက်....ငါ့ကို.....ရက်စက်ခြင်းများပေးသနားလှည့်ပါ။

မျက်ရည်စိုမှလှမယ်လို့ပြောခဲ့ဖူးတဲ့ ငါ့မျက်တောင်လေးတွေလည်း
အခုတော့........
ကော့ညွတ် ကွေးကိုင်း .....
အပြိုင်းပြိုင်း အရိုင်းရိုင်းနဲ့....
သူတို့...... လှချင်တိုင်း လှနေကြရပြီ။

ငါဆုတောင်းပေးနေမယ်......
ထာဝရ ပျော်ရွှင်ပါစေ.......
ထာဝရ ချမ်းမြေ့ပါစေ.......

ဒါပေမယ့်..................
ပြန်ဆုံနိုင်မယ့် တနေ့ရှိမယ်ဆိုရင်တော့......
တေလေတယောက်ရဲ့အိပ်မက်တွေအကြောင်း.......
လှောင်ရယ်နေကြတဲ့ လူတွေရဲ့အကြောင်း.......
ညို့မှိုင်းနေတဲ့ တိမ်တွေအကြောင်း........
ကြိုးပြတ်နေတဲ့ မယ်ဒလင်အိုကြီးအကြောင်း.....
............................
.............................................
.......................................................
ဒီအကြောင်းအရာတွေအားလုံးကို
နင့်ပခုံးလေးမှီပြီး ပြန်ပြောပြချင်ပါသေးတယ်။

June 30, 2009

Fold Ur Shirt in 2 seconds!

T-shirt တစ်ထည်ကို ၂ စက္ကန့်အတွင်းပြီးအောင်ဘယ်လိုခေါက်မလဲ?

ကဲ.......ဒီ Movie File လေးကိုကြည့်လိုက်ကြရအောင်...




ဒါမှမရှင်းသေးဘူးဆိုရင်.... ဒီပုံလေးတွေကိုကြည့်ပြီးအသေးစိတ် လေ့လာနိုင်ပါသေးတယ်...



နောက်တစ်မျိုးထပ်စမ်းသပ်ကြည့်ချင်သေးတယ်ဆိုရင်လည်း T-shirt ခေါက်တဲ့စက်ကို တီထွင်ကြည့်လို့ရပါသေးတယ်။ ဒီ Movie File လေးကိုကြည့်လိုက်ကြဦးနော်...






You Tube ကနေတွေ့လို့......အားလုံးကိုလည်းသိစေချင်တာနဲ့ Blog မှာတင်လိုက်တာပါ။ သဘောကျကြမယ်လို့ထင်ပါတယ်။ :P

June 29, 2009

မင်းငါ့ရင်ခွင်ကို စုံကန်ပြီး ထွက်သွားတဲ့နေ့က
ငါ့ ကမ္ဘာမပျက်ခဲ့ပါဘူး ..
ခြေဖနောင့်ရာလေး ရေးရေးလေးပဲကျန်ခဲ့တယ်
ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုကို
မင်းနှလုံးသားမဲ့စွာ လျှောက်နိုင်သလို
ငါ့အတွက်လည်း မခဲယဉ်နိုင်ပါဘူး ..
နောက်တဆိုတာ မရှိသလို
မင်ပျော်ရွှင်စေချင်တဲ့ ဘ၀မှာ
ငါလည်ပတ်နေမှာပါ ..

ငါတို့နှစ်ယောက် ...
ဘယ်တုန်းကမှ မတွေ့ခဲ့ကြရင် ကောင်းမှာ
ငါဟာ အခုလို ပျော့ညံ့တဲ့ လူသားဘ၀ကို
ယောင်လို့တောင် အိပ်မက်မမက် ခဲ့မိလို့ပါ ။ ။ ။

ဒီဇင်ဘာ ၂၅ ၀၈

*miE alL timE faV quote*

It brEakS Ur HearT to sEe the 1 U LovE is HapPy wiTh somE1 eLse ~

BUT

It's m0rE PainFuL to know that thE 1 U LovE iS UNHAPPY with U ~

May 20, 2009

....

နင့်ကိုငါ လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောလိုက်ချင်တယ်
"သင့်ကြောင့်မီးမလောင်ပါစေနှင့်" လို့
အခုတော့ .....
ငါ့ရင်ခွင်ဟာ အငွေ့တထောင်းထောင်းနဲ့
လောင်ကျွမ်း ပူပြင်းပြီး
သံယောဇဉ်တွေ ပြာဖြစ်ကုန်ရပြီ။

April 29, 2009

ဘာမှမသိတော့ခြင်း

မျက်လုံးတွေကမြင်နေရ သော်ငြားလည်း
ဘ၀ကြီးက အဖြူအမဲ မသဲမကွဲနဲ့။

ခန္ဓာကိုယ်ကြီး တည်ရှိနေလည်း
မလည်ပတ်တော့ တဲ့ ယန္တာယားကြီးအတိုင်း
ဘာကုန်ပစ္စည်းမှ ထုတ်လုပ်နိုင်ခြင်းမရှိ။

ဝင်သက်ထွက်သက် မှန်ကန်နေသော်ငြားလည်း
အောက်ဆီဂျင် တွေက နှလုံးဆီမရောက်ခဲ့တာ ကြာပြီ။

ဦးနှောက်ကြီးက ပုံမှန်လှုပ်ရှားနေတယ် ထင်ခဲ့တာ
ပင့်ကူတွေတောင် သားဖွားကုန်ကြပြီ။

နှလုံးသားက ချစ်ခဲ့ဖူးတယ်လို့ ယူဆခဲ့တာ
အမှန်က ဆွဲငင်အားတစ်ခုကြောင့်
သံယောဇဉ်ကြိုးလေး တစ်မျှင်ရစ်ပတ်ခဲ့တာကွ။

ငါ့ရဲ့ တန်ဖိုးမရှိတဲ့ စကားလုံးတွေ လေထဲမှာ ၀ဲပျံရင်း
သစ်ရွက်လေးတွေလို အချိန်တန်ရင်ကြွေကျ
ဒီကမ္ဘာကြီး အတွက် အမှိုက် ဖြစ်တာပဲ ရှိမယ်။

မချစ်ကဗျာ တစ်ပုဒ်

တော်.. တော်
အချစ်ကဗျာ ဆိုတာ လာမရေးခိုင်းနဲ့
အမုန်းကဗျာ ရေးတဲ့ဘက်မှာ အားသာနေပြီ ။

နေပါစေ ..
လာမချစ် ခိုင်းပါနဲ့တော့
နှလုံးသား အပိုင်းအစ တွေကို
လိုက်ကောက်ရမှာ ပျင်းလွန်းလို့ပါ။

ထားလိုက်ပါတော့ ..
သံယောဇဉ် ဆိုတဲ့ ကြိုးကို
ရွှေကတ်ကြေးနဲ့ ဖြတ်ရင်
အချိန်မရွေး ပြတ်မဲ့ ကြိုးတစ်ချောင်းပါ။

ဝေးဝေးကနေပါ ..
မချစ်နိုင်တော့ ပေမယ့်
မုန်းဖို့အားအင်တွေ ရှိသေးတယ်။

April 27, 2009

ဖုံးကွယ်ထားတဲ့ ညံ့ဖျင်းမှု'

ချစ်သူသာ ကြည့်တတ်မယ်ဆိုရင်
ကျွန်တော့်ရင်ထဲက ချစ်ခြင်းတရားတွေရဲ့
အတိမ်အနက်ကို တွေ့လိမ့်မယ်
စာရွက်ဖြူတွေထဲ အတင်းထိုးသွင်းခဲ့တဲ့
ကျွန်တော့်ခံစားချက်တွေရဲ့ လေးနက်မှုအကြောင်း
ချစ်သူ သိလိမ့်မယ်
ချစ်သူကို ဖုံးကွယ်ထားခဲ့တဲ့
ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်က
ကျွန်တော့်နှလုံးသားရဲ့
ငိုကြွေးမှုတွေကို မြင်လိမ့်မယ်
အခွင့်ရှိရင်တော့
ကျွန်တော့်ရဲ့ထုတ်မပြရဲတဲ့
ညံ့ဖျင်းမှုတွေကို
ဖွင့်ဟပါရစေ . . .


နင့်ကိုသတိရတိုင်းသာ
ငါ့ကောင်းကင်မှာ
ကြယ်လေးတွေ ဖြစ်လာမယ်ဆိုရင်
ငါ့ကောင်းကင်ကြီးက
အမှောင်ဆိုတာကို
မြင်ဘူးမှာမဟုတ်တော့ဘူး...