March 22, 2009

ရှမ်းထမင်းချဉ် နှင့် ရှမ်းခေါက်ဆွဲ

ဒီနေ့တော့ စာဖတ်ပရိသတ်တွေကိုဧည့်ခံဖို့အတွက် စားစရာကောင်းလေးများကို ပင်ပင်ပန်းပန်း စီစဉ်ထားပါတယ်။ အားပေးသွားကြပါဦး.....


ဒါကတော့ ရှမ်းထမင်းချဉ် နဲ့ ငရုပ်သီးကြော်လေးပါ။




နောက်တမျိုးကတော့..... ရှမ်းခေါက်ဆွဲ နဲ့ရှမ်းချဉ်ပါ။








ဘယ်လိုလဲ စားလို့ကောင်းကြရဲ့လား။ အားလုံးကြိုက်မယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ်လည်း လာအားပေးကြပါလို့......

March 21, 2009

နောက်ကျ

အိပ်မက်ဆိုများနဲ့ နိုးထလာတဲ့တခဏ….
ခေါင်းထဲမှာဝင်လာတဲ့ အသိစိတ်တချက်ကြောင့် နာရီကိုကြည့်လိုက်တော့..
နှိုးစက်ကဘဲအသံမမြည်တာလား ပြန်ပိတ်ပြီး အိပ်နေမိတာဘဲလားမသိ
နာရီလက်တံတွေကတော့ ရှိသင့်တာထက် ကျော်လွန်နေခဲ့ပြီ။
ချက်ချင်းဆိုသလို မျက်နှာသစ်၊ အဝတ်အစားလဲပြီး သူရှိမယ့်နေရာဆီ ကျွန်တော် အမြန်ဆုံးနည်းနဲ့ ထွက်လာခဲ့တယ်။

သူနဲ့ကျွန်တော် စသိခဲ့တာ တက္ကသိုလ် စတက်တဲ့ ပထမဆုံးရက်ပါ။
နောက်တော့…. ကျောင်းသွားလည်းအတူတူ ကျောင်းပြန်လည်းအတူတူနဲ့
တဖြေးဖြေး ပိုပြီးရင်းနှီးလာကြပါတယ်။
မနက်ဆိုရင် ကျောင်းသွားဖို့ သူက ကျွန်တော့်ကို ဈေးအရှေ့နား ကနေစောင့်နေတတ်ပါတယ်။
ကျွန်တော်ကလည်း ဖျောက်လို့မရတဲ့အကျင့်ဆိုးအတိုင်း အမြဲကို နောက်ကျပြီးမှ ရောက်သွားတတ်ပါတယ်။
အချိန်အတိုင်းအတာတခုအထိတော့ ကျွန်တော့ကိုအမြဲစောင့်နေတတ်ပါတယ်။
အရမ်းနောက်ကျမှသာ ကျွန်တော်ကိုထားခဲ့ပြီး တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ ကျောင်းကို ထွက်သွားတာပါ။
နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ သူနဲ့မဆုံဖြစ်ပါဘူး။

ဪ…. အခုဆိုရင် သုံးနှစ်တောင်ပြည့်တော့မယ်။
ကျွန်တော့်ရဲ့ နောက်ကျတတ် တဲ့အကျင့်ကလည်း မပြောင်းလဲနိုင်သေးပါလားနော်။
အခုလည်း ကျွန်တော် ထပ်ပြီး နောက်ကျနေပြန်ပါပြီ်။
ဒီနေ့က ကျွန်တော့ ဘဝအတွက် အရေးကြီးတဲ့နေ့တနေ့။
ဟုတ်တယ်…. တကယ့်ကိုအရေးကြီးတဲ့နေ့။
ကျောင်းကြီးလည်းပိတ်တော့မယ်။
နောက်နေ့ ဆိုရင် သူ့ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဒီနေ့မှ သူ့ကိုမမှီလိုက်ဘူးဆိုရင်…..…..
ကြိုးစားထားသမျှ အရာရာကျရှုံးရတော့မယ်။
သူထားခဲ့မှာကိုလည်း ကျွန်တော်မလိုလားဘူး။
ကျွန်တော် ဘယ်နည်းနဲ့မှ နောက်ကျလို့မဖြစ်တော့ဘူး။
သူ ကျွန်တော့ကို စောင့်နေပါစေ…..

သူရှိမယ့်နေရာဆီ အချိန်မှီရောက်နိုင်ဖို့အတွက် ကျွန်တော့်စိတ်တွေလောနေခဲ့တယ်။
မှီမှ မှီပါတော့မလား???
အဲဒီ့ အတွေးတွေကြောင့် အာခေါင်တွေချောက်ပြီး ဇောချွေးတွေလည်းပျံလာတယ်။
နာရီရဲ့လက်တံတွေကလည်း သူထွက်ခွါသွားဖို့အချိန် တဖြေးဖြေး နီးလာပြီဆိုတဲ့အကြောင်း
ကျွန်တော့်ကို အသိပေးနေတယ်။
ဖြစ်နိုင်မယ်ဆိုရင် နာရီ ..မိနစ်… စက္ကန့် အားလုံးကို ခဏလောက် ရပ်ထားပစ်ချင်တယ်။
တကယ်ပါ…
ခဏလေးပါ… ကျွန်တော်မရောက်ရောက်အောင် လာနေပါတယ်။

တဖြေးဖြေး နဲ့သူ့ရဲ့ပုံရိပ်ကို အဝေးကနေလှမ်းမြင်နေရပါပြီ။
သူကကျွန်တော့်ကို ကျောပေးရပ်နေပြီး အဝေးကိုငေးနေတယ်။
ကျွန်တော့်ကိုတော့သူ မြင်မယ်မထင်ပါဘူး။
သူ့ဆီကို အချိန်မှီရောက်ဖို့ ကျွန်တော်ဘယ်လောက်ထိ ပြေးလာခဲ့ရတယ်ဆိုတာ လည်း သူသိမှာမဟုတ်ပါဘူး။
ဒါတွေကလည်း အခုအချိန်မှာအရေးမကြီးတော့ပါဘူးလေ။
အရေးကြီးတာက.... သူ ရှိနေသေးလို့။ ဟူး…….တော်ပါသေးရဲ့။

သက်ပြင်းခပ်မျှင်းမျှင်းချပြီး တက်ကြွခြေလှမ်းများနဲ့ သူ့ဆီကိုအလှမ်း မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ရှုသံတွေကိုတောင်ရပ်တန့်သွားစေပါတယ်။
ဟို လူကြီး ....ဟုတ်ပါတယ် ။
ကျွန်တော်နဲ့ သူနဲ့ မဆုံအောင် အမြဲ လုပ် နေတဲ့လူကြီး ။
အခုလည်း သူ့ကို ခေါ်ဆောင်သွားဖို့ လာနေပြီ။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ????
ကျွန်တော် သူ့ကို လက်လွတ် ဆုံးရှုံး ရတော့မယ်။
ရှိသမျှ အင်အားအကုန် သုံးပြီးသူ့ ဆီကို ကျွန်တော်ပြေးသွား ခဲ့တယ်။
ဒါပေမယ့် အရမ်းကိုနောက်ကျသွားခဲ့ပြီ။
သူ ….ကျွန်တော့ကို ထားသွား ခဲ့ လေပြီ။
လမ်းမပေါ်မှာ ကျွန်တော်တရောက်တည်း……
ထွတ်ခွါသွားတဲ့ ကျောင်းကားကြီးကိုမျှော်ကြည့်ရင်း........

အဲဒီ့ လိုနဲ့ဘဲ……
ကျွန်တော့်ရဲ့ Final Year Exam နောက်ဆုံးရက် …..
စာမေးပွဲ ခန်း ထဲကို တော်တော် နောက်ကျ ပြီး မှ ရောက်သွားခဲ့ပါတယ်။ (ကျောင်းကား လွတ်သွားတာကိုး ။)



နောက်ကျတတ်သူအားလုံးအတွက်………


March 20, 2009

ရိုင်းစိုင်းတဲ့ အတိတ်

မင်းရဲ့ခက်ထန်တဲ့ စာထဲကစကားလုံးတွေက
တစ်ချိန်က ရက်စက်မှုကင်းတဲ့အကြည့်လေးတွေကို မကျော်လွှားနိုင်ခဲ့ပါလား . . .
ပျားရည်လိုချိုမြိန်လွန်းတဲ့ မင်းရဲ့ကတိစကားတွေ
ပိုးသားလေးတွေထက် နူးညံ့လှတဲ့ မင်းရဲ့အထိအတွေ့တွေ
ငါဘယ်လို ရက်စက်စွာ မေ့ပစ်လိုက်ရပါ့မလဲ ? ? ?

ငါ့ကိုဒီမေးခွန်းတွေဖြေပေးခဲ့ပြီးမှ ထားခဲ့ရင် ငါဝမ်းနည်းပြီးမကျန်ရစ်ခဲ့ပါဘူး . . .

မင်းက ငါနဲ့မင်း တစ်ချိန်တစ်ခါမှ မပက်သက်ခဲ့ဖူးသလို ပစ်ထားနိုင်ခဲ့တော့
ငါဆိုတဲ့ငပိန်းကြီးအတွက် တစ်ဘ၀စာ နာကြည်းမှုတွေ . . .

မင်းအတွက်တော့ တစ်ခြားရင်ခွင်တစ်ခုမှာ ငါဆိုတဲ့ ငပိန်းအတွက် . . .
တစ်စက္ကန့်လေးကိုတောင် သတိရ ကြည့်ပေးဖို့ ၀န်လေးနေမယ့် ..
မင်းဘ၀နောင်ရေးမှာ …
ငါဟာအသုံးမကျတဲ့သူ ၊ ငါဟာမင်းအတွက်တန်ဖိုးမရှိတဲ့သူ. . .
ငါဟာသရဲဘောကြောင်သူ ၊ ငါဟာကျေးဇူးကန်းသူ . . . . . . . ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ မင်းဘ၀ ကိုတာဝန်မယူချင်သူအဖြစ် . . .
မင်းရဲ့နေ့စဉ်မှတ်တမ်းမှာ ငါ့ကိုမှတ်တမ်းမတင်လိုက်ပါနဲ့

မင်းသာ ငါ့ဆီက… ထွက်ပြေးသွားခဲ့တဲ့ တရားခံပါ . . . . .

အဲဒီအတွက်ငါမမှားဘူး ၊ ဘယ်တော့မှလည်းမတောင်းပန်ပါရစေနဲ့တော့ . . .

March 17, 2009

ရောက်လာခဲ့သော.....'နွေ'


ဖြစ်နိုင်မယ်ဆိုရင်.....
ရော်ရွက်ဝါ တွေလိုဘဲ
ပေါ့ပေါ့ ပါးပါးလေးနဲ့
လွင့်မျော စွန့်ခွာ သွားချင်ခဲ့တာပါ။

အခုတော့....
ပက်ကြားအက်နေတဲ့ နှလုံး.....
ခြောက်သွေ့ပူပြင်းတဲ့ သက်ပြင်းများကြား...
'သ'ူပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက် ခပ်ရေးရေးကိုဘဲ
အကြိမ်ကြိမ် တမ်းတဖက်တွယ်
တခါ တခါ လည်း...
ခေါင်နေခဲ့ တဲ့ အချစ်တွေအတွက်
ဆုတောင်း ကြည့်ခဲ့မိသေးရဲ့။

တကယ်ဆို ......
ငါလည်း....
အရာရာကို ရယ်မော မေ့ပစ်လိုက်ချင်တာပေါ့ကွယ်။

မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့.....
ငါ့အတွက် .....
နွေရာသီ ကာလကလည်း.....
ရှည်လျား ပူအိုက်လွန်းလှတယ်။

March 15, 2009

~D_D~ ကိုရီးယားရောက်နေသည်။ ။ ။

အပိုင်း(၂)

ဒီတစ်ခါတော့ ကိုရီးယားတွေရဲ့ လမ်းပေါ်မှ အစားအသောက်တွေရယ် … Taxi သမားတွေရဲ့ ယုတ်မာမှုတွေရယ် (အဲ..ယောင်လို့) နွေးထွေးမှုတွေရယ်ကို ဆက်လက်ပြီးတင်ပြသွားပါ့မယ်။ ဟုတ်ကဲ့ .. ဖြစ်ရပ်မှန်တွေကို တင်ပြသွားမှာပါ (တင်ပါးကို တင်ပြချင်း မဟုတ်ရပါဘူး။)

ဒီလိုရယ်ပါ … အလုပ်ကို နောက်ကျရင်၊ ချိန်းထားတာ နောက်ကျရင်၊ ခိုင်းတာလုပ်ဖို့ နောက်ကျရင် (တစ်ရက်လုံးရဲ့ ၉၉ ရာခိုင်နှုန်းလို့ ပြောမလားနော့) သူတို့ကို ဖုန်းဆက်ပြီး လှမ်းခေါ်ပါတယ်။ ရုံးတက်ချိန်တို့၊ ရုံးဆင်းချိန်တို့ ဆိုရင် Taxi တွေ တော်တော်နဲ့ ပေါ်မလာတတ်ပါဘူး။ အဲ.. ဘာလို့လဲဆိုတော့ ကိုယ်သွားမဲ့ခရီးစဉ်ကနီးနေရင် သူတို့က မလာချင်တာရယ်၊ ကြားကနေ တားပြီးဖြတ်ယူသွားတတ်တဲ့ လူကြီးလူကောင်းတွေရှိတတ်တာရယ်ကြောင့် သူတို့ကိုစောင့်ရင်းနဲ့ အမြဲမေတ္တာပွားပေးရပါတယ်။
အဲလိုတွေ အဲလိုတွေ ခံရပေါင်းများတော့ ဒီကလည်း တင်ပေးစရာမလိုပဲ ညစ်နည်းပေါင်းစုံကို စနစ်ကျကျ နည်းကျကျနဲ့ သုံးတတ်လာပါတယ်။ နောက် ဖုံးခေါ်ရင် ဘယ်သွားမလဲလို့မေးရင် ဆိုး(လ်) or အိုဆန်ကို လို့ပြောပါတယ်။ Taxi ဖိုးက ဒေါ်လာ ၈၀လောက်ရှိတာကိုဗျ ၊ နှစ်မိနစ်အတွင်း Taxi ကိုယ့်ရှေ့ကိုရောက်လာရော ၊ ပြီးရင် ဒီကလည်း မျက်နှာပြောင်တိုက်ပြီး သွားမဲ့ဆီကို ပြောတာပေါ့ ။ နောက်ပိုင်းဘာဆက်ဖြစ်လဲတော့ ဒီကလည်း မခန့်မှန်းတတ်ပါဘူး ၊ ကိုယ်က အသားလွတ် အနေသာကြီးပါ။
တစ်ခါကလည်း Taxi ဦးလေးကြီးက ကျွန်တော်တို့အဖွဲ့ကို ကလိမ်ကျသွားပါသေးတယ်။ ရုပ်ရှင်ကိုနောက်ကျနေပြီဖြစ်တဲ့ ကျွန်တော်တို့က Taxi ပေါ်ကအဆင်းမှာ ၊ မီတာတိုင်က ကိုရီးယား ပိုက်ဆံနဲ့ပြထားပါတယ်။ ပြန်တွက်ကြည့်လိုက်တော့ ၁၃ ဒေါ်လာပေါ့ ၊ နှစ်ဆယ်တန်ထုတ်ပေးလိုက်တော့ ၅ ဒေါ်လာပြန်အမ်းပြီး ကျပ်တန်မရှိဘူးဆိုပြီး ပြောလာပါတယ်၊ တစ်ဖွဲ့လုံးကလည်း လောနေကြပြီ ဆိုတော့ ဒီကလည်း မပြောချင်တာနဲ့ ဒီအတိုင်းကြီး ထွက်လာခဲ့ရပေါ့။
ရင်ထဲမှာ တစ်နေဆဲပါပဲလား Taxi ဦးလေးကြီးရယ် … ။

Photobucket Traditional Kim-Chi

ဒီလိုလဲ သူတို့ရဲ့ ဓလေ့ရိုးရာ အစားအစာလေးတွေကို လမ်းဘေးမှာ အဲလိုကို ကြေညာပြီး ရောင်းလေ့ရှိပါတယ်။ နီနီရဲရဲ နဲ့ အဝေးကကြည့်ရင် ကြောက်စရာတောင်ကောင်းပါတယ်။ စားလို့ကတော့ အရသာရှိမှရှိ ။ အိမ်မှာ ထမင်းစားလေ့မရှိတဲ့ ကျွန်တော်က မ၀ယ်ခဲ့ပါဘူး။

Photobucket

Tornado Potato တဲ့ ... အာလူးကြော်လေးပါပဲ။ ဒီက ဆယ်ကျော်သက်လေးတွေရဲ့ လက်ထဲမှာ ခဏခဏ တွေ့နေရလို့ စားချင်သွားတာရယ်ပါ။ သူတို့အပြစ် သူတို့အပြစ်။

Photobucket


ဒါကလည်း အားလူကြော်နောက်တစ်မျိုးပဲ ... အလယ်မှာ Hot Dog ပါတယ်။ ဒါကတော့ သွားရင်းလာ ဗိုက်ဗိုက် အသံမြည်လာလို့ ... ကြုံသလိုမြန်မြန် ထိမ်းသိန်းလိုက်တဲ့နည်း ...

Photobucket

ငါးပုံစံ Red Beanဝေဖာ


Photobucketမုန့်ဆီကြော် လေးတွေ .. ကောင်းမှကောင်း


Photobucketလမ်းပေါ်မှ စားသောက်ဆိုင်ကလေးများ

နိုက်စီးတီးဖြစ်တဲ့ ကိုရီးယားဟာလည်း .. နိုက်တိုင်းမှ လမ်းပေါ်မှာ စားစရာဆိုင်းလေးတွေ ဟိုဟိုဒီဒီ များပြားလာတတ်တယ်။ တကယ်ပဲ ဇာတ်လမ်းတွဲလေးတွေထဲကအတိုင်းပဲ .. အဲဒီ အိမ်လေးတွေထဲမှာ အသံကျယ်ကျယ်နဲ့ မူးယစ်နေတတ်တဲ့ လူသံတွေလည်း နည်းနည်းပါးပါး ကြားရတတ်ပါတယ်။
အကင်လေးတွေရယ် ဆိုးဂျူ ရယ်က သူတို့ ရဲ့တစ်နေ့တာအပန်းဖြေမှုလေးအလား …

Photobucket
အကင်ပေါင်းစုံ


Photobucket မစားလိုက်ရတော ဆိုင်လေးတစ်ဆိုင်

ဒါကတော့ လမ်းဘေးဆိုင်လေးနောက်တစ်ဆိုင် ဘာတွေမှန်းတော့သိဘူး ။ ဒီအတိုင်း လက်သရမ်းပြီး ဖျက်ခနဲ့ ...
အဲဒီတုန်းက နှစ်ဆိုင်ကျော်လေးမှာတင် စားလာလို့ ၊ နို့မို့ဆိုရင် ... လူကြီးမင်းတို့ ပုံတွေ ပိုပြီးမြင်ရဦးမှာ ...

March 6, 2009

အချစ်တု

ဘယ်သူမွှေးတဲမီးပါလိမ့်
ငါ့မှာ....လောင်ကျွမ်းလိုက်ရတာ
မျှော်လင့်ချက်တွေအကုန် ပြာဖြစ်ခဲ့ရပေါ့။

အချစ်တွေ......
အိမ်မက်တွေ.....
ခံစားချက်တွေကိုမှ.......
လောင်စာအဖြစ် အသုံးပြုခဲ့တဲ့.....
(သွေးအေးအေးနဲ့ ပြုစားတတ်တဲ့ ....)
စုန်းပျိုမရေ......

အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီးဆိုတာ
ကမ္ဘာဦးအစက ရှာဖွေတွေ့ရှိခဲ့တဲ့မီးထက်ပိုပြီး
ပူပြင်း တောက်လောင်လိမ့်မယ်ဆိုတာ
ငါ တကယ်ကို မသိခဲ့လို့ပါ။

March 5, 2009

တရားလိုကြီး ငါ . . .

ချုပ်ချယ်တတ်တယ် ၊ သ၀န်တိုတတ်တယ် ဆိုလို့
ငါ့ဘက်က အတွေးအမှားတွေနဲ့ ပျော်မိခဲ့တယ်
အဲဒါတွေက မင်းအချစ်တွေမှမဟုတ်ပဲ
မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေမှန်း …

အနားမှာ မရှိရင်မနေနိုင်ဘူး ၊ အချိန်တိုင်းသတိရနေတတ်တယ် ဆိုလို့
ငါ့လောက် ကံကောင်းတဲ့လူ ရှိဦးမလားလို့ တွေးမိခဲ့တယ်
အဲဒါတွေက မင်းရဲ့ ခံစားချက်တွေမှ မဟုတ်ပဲ
မင်းရဲ့ အထီးကျန်မှုတွေမှန်း …

ဘယ်သူမှမရှိနိုင်ဘူး ၊ တစ်ဘ၀စာ ပုံအပ်သွားမယ် ဆိုလို့
ငါ့အချစ်တွေ မင်းအပေါ်မှာ အတိုင်းထက်လွန်ခဲ့လေရဲ့
အဲဒါတွေက မင်းရဲ့ ပေးဆပ်ခြင်းတွေမှ မဟုတ်ပဲ
မင်းဘ၀ အတွက် အာမခံချက်တွေမှန်း …

ကြင်နာမှုတွေ ၊ နားလည်မှု တွေများပြားလွန်းလို့
မင်းအပေါ်မှာ သံသယ အလွန်ကင်းခဲ့ ပါရဲ့
အဲဒါတွေက မင်းရဲ့ အားပေးခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ ဟန်ဆောင်ကောင်း ခဲ့ခြင်းတွေမှန်း …

ပျော်ခဲ့ကြတဲ့ နေ့ရက်တွေ ၊ ရင်ခုန်ခဲ့ကြတဲ့ ညတွေ များလို့
ကတိတွေ အထပ်ထပ် ထားခဲ့ကြလေရဲ့
အဲဒါတွေက မင်းဘက်က အဖြည့်ဆည်းခံ ခဲ့ခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ လိုအပ်ခဲ့တဲ့ အစားထိုးခံ ဖြစ်ခဲ့မှန်း …

… … … မင်းနဲ့မှ …. …. ….
။ ။ ။ တစ်ကယ်ချစ်တတ်ခဲ့ တာ မှားများ သွားသလား ။ ။ ။

တမ်းချင်း

သူ့ကိုသတိရ၍ ရေးသောကဗျာများသည် ...
နွေကဲ့သို့ ....အလွမ်းများဖြင့် လောင်မြိုက်...
မိုးကဲ့သို့ ....မျက်ရေ ရနံ့များသင်းပျံ့နေ၍....
ဆောင်းကဲ့သို့....သတိရခြင်းများစွာ လွှမ်းခြုံ နေတတ်ပါသည်။

March 4, 2009

မျက်ရည်တွေရဲ့ နောက်က ..

ဆုံးရှုံးခြင်းရဲ့ နောက်မှာ …
မျက်ရည်နဲ့ အနာတရ တွေပဲအဖတ်တင် ကျန်တတ်တယ် ..
အဲဒါကို ဘာလို့ မင်းက တမ်းတရတာလဲ ..

ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ဘ၀ကို လှပလာအောင်များဖန်ဆင်းတာလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့လိုအပ်ချက်တွေကို လဲလှယ်ပေးနေသလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့မာနတွေကို တန်ဖိုးမြှင့်တင်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ အတတွေကိုအရောင်တွေခြယ်ခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ ဖောက်ပြားတတ်တဲ့စိတ်ကိုအာမခံချက်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ခြေလှမ်းတွေကို လွတ်လပ်မှုပေးခဲ့သလား …

မသိခဲ့လို့ပါ … သိများသိခဲ့ရင် ငါ့မျက်လုံးတွေကို
ဖောက်ထုတ်ထားလိုက် ချင် ပါရဲ့ …

March 2, 2009

။ ။ ။ ~D_D~ ကိုရီးယားရောက်နေသည် ။ ။ ။

အပိုင်း (၁)


ရုံးပိတ်ရက်ကလေး ရှော့ပင်လေးပတ် ကိုရီးယားရဲ့လူနေစရိုက်လေးကိုလည်း လေ့လာရင်း နေ့ကလေးကို ကုန်ဆုံးဖို့ လှလှပပကလေးကုန်ဆုံးဖို့ပါ . . . . .
ရာသီဥတုကလည်းကောင်း ၊ လူလေးတွေကလည်း ချော .. .. အဲလိုနဲ့ပေါ့… အဲလိုနဲ့ပေါ့ …
နေ့သစ်လေးရဲ့ဂျာနီလေးကိုစလိုက်ရအောင်လား .. .. ..

အလုပ်ရဲ့ ဥပဒေကြောင့် ကားယူလာပိုင်ခွင့်မရှိတော့ Public Transportation နဲ့ နှစ်ပါးသွားရတာပေါ့ ။

Photobucket
PyeaungTeak Station



အမြန်ရထားပေါ်မရောက်ခင် ပေါ့နော်...
လက်မှတ်အ၀ယ်သွားတော့ အရောင်းစာရေးမလေးက ကြောင်ပြီးကြည့်နေလိုက်တာများ ကိုယ့်ခေါင်းပေါ်မှာ ဂျိုများပေါက်နေသလား ၊ သွားရော .. ခေါနေသလားလို့ ဘေးနားကမှန်မှာ ခပ်မြန်မြန်ကြည့်လိုက်မိတယ်။ ညကအိပ်ရေးပြတ်ထားလို့ မျက်ကွင်းလေးတွေ ညိုမှိုင်းမှိုင်းဖြစ်နေတာကလွဲရင် … လူက၀၀ ဖိုင့်ဖိုင့်နဲ့ ဖိုးဝရုပ်လေး အတိုင်းပါပဲ ။ ပြီးတော့မှ သဘောပေါက်လိုက်တာ … ကောင်မလေးက ပေးရမဲ့နှုန်းကို အင်္ဂလိပ်လို သူ့ရဲ့ခေါင်းထဲမှာ စဉ်းစားနေတာကိုး .. သူလေးအင်္ဂလိပ်စာ အခန်းတွေတော်တော်လစ်ခဲ့ပုံပါပဲ ၊ အမေပေးခဲ့တဲ့ သူ့လက်ချောင်းလေးတွေ ဒီအချိန်ကျ တော်တော်အသုံးဝင်သွားမှန်း သူလေး ခန့်မှန်းလို့ရသွားပုံပါပဲ ။ အဲဒါမှ ဒီကလည်း သဘောပေါက်ပြီး ကိုယ်လေးကိုင်း ၊ ဦခေါင်းလေးကို ညွှတ်ပြီးတော့ “ခမ်းဆာဟမ် မီတာ” ဆိုပြီး K လိုမှုတ်ရင်း .. ငွေချေပေးခဲ့ရတယ်။

Photobucket
ရထားရုံအရှေ့


ဒီလိုနဲ့ ရထားဆိုက်တော့ တိုးဝင်လိုက်ကြတာများ....ပါဆင်နယ်စပေ့ကို နယ်လွန်မခံနိုင်တဲ့ ကျွန်တော်က ခပ်တည်တည်နဲ့ သူတို့တွေ အ၀င်ကို စောင့်တာ … …. လွန်သွားတယ်ထင်ပါရဲ့ ၊ ၀င်မယ်လည်းလုပ်ရော ရထားတံခါးလေးက' ရွှီး' ခနဲ့ ။ သူငယ်ချင်းတွေရဲ့ မရိုးနိုင်တဲ့ မြည်တွန်းတောက်တီးသံတွေများ Rock Concert ရောက်နေသလားလို့ ။ အဲဒီ့လိုနဲ့ ၃၀ဒီဂရီ ရာသီဥတုကြီးကို နောက်ထပ် ၁၀ မိနစ် အံကြိတ်ပြီး ကြံ့ကြံ့ ခံခဲ့လေရဲ့ ။
ဒီလိုနဲ့ ရထားပေါ်ရောက်တော့ ပါဆင်နယ်စပေ့မပြောနဲ့ အသက်ရှုစရာ စပေ့တောင်မရနိုင်တဲ့ ဒီရထားကြီးပေါ်မှာ နာဇီခေတ်တုန်းက လူသတ်တဲ့ ခမ့်(မ) တွေကိုသယ်သွားတဲ့ ရထားကြီးအလား ဆိုး(လ်)မြို့ကြီးကိုဦးတည်ခဲ့လေရဲ့။

မြို့ကြီးက မွန်းကျပ်စွာနဲ့ ခမ်းနားပြည့်ကျပ်နေလျှက် .....

Photobucket
ဆိုး(လ်) station ကြီး အပေါ်မှ


'မြောင်ဒေါင်' လို့ခေါ်တဲ့နေရာလေးကိုရောက်တော့ မျက်ဝန်းတစ်ဆုံး ... လူတွေ ... လူတွေ … ဒီလောက်များတဲ့လူတွေ ဒီနေရာလေးတစ်ခုမှာ စုပြုံနေကြတာ။
အမေရိကားမှာဆိုရင် မကောင်းတဲ့ကောင်မလေးတွေရှိလို့စည်းကားတာ။ဒီမှာတော့ မသိဘူး ကောင်းလားမကောင်းလားဆိုတာ (အဟီး … လေ့လာရန် အဆင်သင့်ပါပဲ) ။ကြည့်ရတာ လူကောင်းလူသန့်လေးတွေ သွားလာလှုပ်ရှားနေကြသလိုပါပဲ။အဲဒါနဲ့ စူးစမ်းလေ့လာကြည့်လိုက်တော့ မြန်မာပြည်က တရုတ်တန်းတို့ ညဈေးတန်းတို့လို နေရာလေးကိုး။

Photobucketအရပ်က နည်းနည်းပုတော့ ပုံကသိပ်မမိုက်ဘူး ဖြစ်နေတယ်။ ခွင့်လွှတ်


ဒီလိုနဲ့.... ဒိုင်ဗင်ထိုးတော့မဲ့ ရေကူးသမားလို အသက်ကို ၀၀ရှုပြီး လူတွေကြားထဲ ဒိုင်ဗင်ဝင်ထိုးလိုက်လေရဲ့ .…

ပါစင်နယ်စပေ့ဆိုတာ အမေရိကားမှာတုန်းက ကိုယ့်နားတစ်ပေလောက် ကပ်လျှောက်ရင်ကို ဘုကြည့် ကြည့်ခဲ့တဲ့လူ။ ဒီမှာ ပခုံးချင်းပဲ ၀င်တိုက်ရင် ကံကောင်းတယ်လို့မှတ်ပါ။
လမ်းလယ်ခေါင်မှာငူတူတူ ရပ်နေရင်ချာချာလည်အောင်ဝင်တိုက်လိုက်ကြမှာများ....
မြေကြီးကိုလက်နဲ့ခတ်ရင်တောင် လွဲလိမ့်မယ်။ ဒါကတော့သေချာတယ်။
အသက်တူရွယ်တူတွေ ၀င်တိုက်ကြတဲ့အခါ 1/1000 sec လောက်ပဲ ကိုယ်လေးကိုင်း ခေါင်းလေးငုံ့ပြီး လှည့်ထွက်သွားလေရဲ့။ ဒါကို ဒေါသမထွက်လေနဲ့။ ဒါက သူတို့လေးတွေရဲ့ Apology ။

ဒီထက်ဆိုးတာရှိသေး .. ကိုရီးယားဟာ ဖိုးဖိုးကြီး ဖွားဖွားကြီးတွေ ကြီးစိုးတဲ့ နယ်မြေလည်းဖြစ်ပါရဲ့။ ရထားပေါ်မှာဆို သူတို့တွေနဲ့ မပြိုင်နဲ့။ နေရာလေးတွေ့လို့ထိုင်မယ် လို့စဉ်းစားတုန်း မိုင်၁၀၀ နှုန်းနဲ့ မိုးပေါ်ကကျလာတဲ့ ဖိုးဖိုး ဖွားဖွားတွေအလား ။
ဒါနဲ့ ၄၅ မိနစ်ရထားပေါ်မှာ ထိုင်ဖို့အတွေးတွေကို မြေမြုပ် သင်္ဂြုလ်လိုက်လေရဲ့။
ဒါနဲ့တင် ဖိုးဖိုး ဖွားဖွား တွေက မပြီးသေး ၊ လမ်းမှာသူတို့ဝင်တိုက်ရင် သူတို့ဆီက အကြည့်လေးတောင် မမျှော်လင့်လေနဲ့ … လူကိုရှိတယ်လို့်သတ်မှတ်တာမဟုတ်ဘူး ။
သူတို့ရဲ့ဓလေ့လေးတွေကိုကြည့်ပြီး … စိတ်ပဲတိုရမလိုလို ၊ ရီပဲရီရတော့မလိုလိုနဲ့ .. အင်တင်တင်ကြီးပါပဲ။
Photobucket
လမ်းပေါ်က အရုပ်ဆိုင်လေး

ဒီလိုနဲ့ရှော့ပင် စပတ်ပါရောလား .. .ဆယ်ကျော်သက်ကောင်မလေးတွေ မီနီ ပန့်လေးတွေနဲ့ နေရာတိုင်း ။
ဒီလို ရာသီဥတုကြီးမှာ ဒီလိုဝတ်စားလွန်းတော့ သံသယတောင်ဝင်မိတယ် ...ကိုရီးယားမှာ ဘောင်းဘီ အရှည်တွေများ ဈေးကြီးလွန်းသလားပေါ့နော်။
ယူလာတဲ့ ပန့်တွေ ကိုတောင် ဒိုနေးရှင်း လုပ်ပေးဖို့ သူငယ်ချင်းတွေကို လည်းစာရင်းကောက်ဖို့တောင် စဉ်းစားပြီးသွားပေါ့။ ထင်သလို ဒိုနေးရှင်း စာရင်းမကောက်လိုက်ရခင် သူငယ်ချင်းတွေ့ရဲ့ ချီးကျူးသံကို ကြားလိုက်ရလေရဲ့ “ဒုံးဝေးလိုက်ချည်းလား” တဲ့ ။

အဲဒါ ဖက်ရှင်စတိုင်(လ်) အသစ်တဲ့ …

အဲဒါနဲ့ နောက်တွေ့တဲ့ မီနီပန့်လေးတွေဆိုရင် ဒူးခေါင်းလေးတွေများတုန်နေသလားလို့
လိုက်ကြည့်လိုက်ရတာအမော။ တစ်ယောက်မှ မတွေ့ပါဘူး ။ အပြုံးမပျက် သူတို့လေးတွေရဲ့ တစ်နေ့တာ လုပ်ငန်းလေးတွေကို ဆက်လက် နေဆဲပဲ။

အံမခန်း ကိုရီးယား သတိခဲလေးတွေပါလားနော်...

Photobucket
ကြည့်ရင်းတောင် ကျောချမ်းမိပြီး ဒါလေးတော့မမြည်းခဲ့ပါဘူး



လမ်းပေါ်မှာတွေ့တဲ့ မုန့်သည်တိုင်းလောက်ကို အားပေးမိတာ ကျွန်တော့်ရဲ့အားနည်းမှု ပဲပြောမလားနော့။

Photobucket
မုန့်ချိုရောင်းနေတဲ့ ဖွားဖွားကြီး

တစ်ခါကတော့ ဖွားဖွားကြီးတစ်ယောက် တုန်နေတဲ့ ရာသီဲဥတု ကွင်းပြင်ကြီးထဲမှာ မုန့်ချိုလေးတွေ လုပ်ရောင်းနေလေရဲ့။သနားမိတဲ့ စိတ်ရယ် (တစ်ကယ်ပါ) စားကြည့်ချင်တဲ့ စိတ်ကြောင့် သူလုပ်ပြီးသမျှ မုန့်ချိုလေးတွေကို တတ်နိုင်သလောက်ဝယ်ပြီး လမ်းမှာတွေ့တဲ့ ကလေးတွေ ကိုလည်းမျှဝေပေးလိုက်လေရဲ့။ သကြားကို အရည်ကြိုပြီး အရောင်နဲနဲတင် ကွတ်ကီးလေးတွေလို အချပ်ကလေးတွေလုပ်ပြီး အလယ်မှာ အသည်းပုံ ဒီဇိုင်းလေးဖော်ထားတဲ့ မြန်မာပြည်က ထန်းလျှက်ယိုလိုမုန့်မျိုးလေးပါ ..

Photobucket
သီချင်းဆိုနေတဲ့ အာဂျူရှိကြီး နှစ်ယောက်


ပြီးတော့ လူတွေအုံနေတဲ့ နေရာလေးတစ်ခုကိုရောက် သွားတော့..... သီချင်းသံလေးကြားရတော့ စိတ်ဝင်စားလို့တိုးကြည့်မိတယ်။ ယောကျာင်္းသားကြီး နှစ်ယောက် ၊ သီချင်းလေးငြီးရင်း မုန့်တီခေါက်ဆွဲလောက်ရှိတဲ့ မုန့်တစ်မျိုးကို ဂျုံ မှုန့်ထဲနှစ်လိုက် ဆွဲဆန့်လိုက် လုပ်ရင်း ... နောက်ဆုံး ပင့်ကူမျှင်လောက်ပဲ ကျန်တော့တဲ့ အမျှင်လေးတွေအထဲမှာ အစာလေးတွေထည့်ပြီးလိပ်လေရဲ့။ မြေပဲလိပ် လေးတွေအတိုင်းပါပဲ။ သူတို့ရဲ့ Performance လေးကို ကြိုက်တာရယ်၊ မြည်းစမ်းချင်တာရယ်နဲ့ အားပေးခဲ့ပါသေးတယ်။

Photobucket
ငါးတုတ်ထိုး ... အကြီးကြီးပဲ ..


ဒီလိုနဲ့ ဆက်လျှောက်လာရင်း ရုပ်ရှင်တွေထဲမှာ တွေ့တွေ့နေရတဲ့ အကင်လေးတွေ .. .. ကိုရီးယားမရောက်ခင်ကတည်းက တွေ့ရင်စားမယ်လို့ အားခဲထားတော့ ကိုယ့်ကတိ ကိုယ်လည်းမဖြတ်ချင်တာနဲ့ အကင်တစ်ကင်လှမ်းနှိုက်လိုက်လေရင်း... သွား ၊ ပါးစပ် နဲ့ လျှာကို အလုပ်သစ်ပေးလိုက်လေရဲ့ ။

သိပ်မကြာပါဘူး .. .ပါမစ်မပေးပဲနဲ့ ကုလားဘင်ခရာအသင်းကြီးက ဗိုက်ထဲမှာ လှည့်ပတ်နေလေရဲ့။ နီးရာ စခန်းမှာ Business ကို မြန်မြန် ထိန်းသိမ်းလိုက်ရတယ်။

Photobucket
အီထယ်ဝမ်း

ဒါနဲ့ 'အီထယ်ဝမ်း' လို့ခေါ်တဲ့ အီလက်ထရောနစ် မောကြီးထဲ ရောက်သွားတယ်ပေါ့ ။ လိုချင်တဲ့ပစ္စည်းလေးတွေ တွေ့ရင်ကိုင်ကြည့်ပေါ့ ... အာရှသားရုပ်ပေါက်တဲ့ ကျွန်တော့်ကို အမြဲ K လိုလာပြောတတ်တယ်။ ကျွန်တော်ကလည်း မရိုင်းပါဘူး ၊ သူတို့ပြောချင်တာလေးတွေ ပြီးတဲ့အထိ ပြုံးပြုံးလေးနဲ့ နားထောင်ရင်း အမြဲစောင့်ပါတယ် ။ ပြီးမှ ကိုရီးယားလို မပြောတတ်ဘူးလို့ မနည်းငြင်းယူရတယ်။
အဲဒီ့မှာ ပြဿနာကစတာပဲ … … …
သူတို့က ကျွန်တော်တို့ကို ကိုရီးယန်း မဟုတ်မှန်းလည်းသိရော ပစ္စည်းဈေးနှုန်းက သုံးဆလောက် ခုန်တက်သွားလေရဲ့။ သူတို့လေးတွေက ပစ္စည်းကို ဈေးနှုန်းကပ်မထားတော့ သူတို့ခေါ်ချင်သလောက်ခေါ်ပါလေရော။ အဲဒီမှာ တတ်ထားသမျှ K တွေရော Signs Language တွေရော အသုံးဝင်လာပါရောလား ။ သူတို့ကဈေးခေါ်ရင် ကျွန်တော်တို့ တစ်ဖွဲ့လုံးကတတ်ထားတဲ့ “ခါ ဂါ ကူး ဆယ်ရော” ဆိုတဲ့ ဈေးလျှော့ပါဦး လို့ အဓိပါယ်ရတဲ့ စကားလုံးကို ပိုက်ဆံအိတ်ထဲမှာရော ဦးနှောက်ထဲမှာပါ မင်နီနဲ့ ရေးဆွဲမှတ်သားထားလေရဲ့ ။ အဆင်မပြေရင် လက်ခါပြပြီး လှည့်ထွက်တာ ကျွန်တော်တို့ အလုပ်။နောက်ကနေ လိုက်လာပြီး ကျွန်တော်တို့လိုချင်တဲ့ဈေးကိုပေးပြီး ရောင်းတာက ကိုရီးယန်းတွေရဲ့ အလုပ်။ ဒီလိုနဲ့ဈေးတည့်ရင် ပစ္စည်းအိမ်ပါလာတယ်ပေါ့ ။

Photobucket
NuthinG but CLOTHES in dis MalL


သူငယ်ချင်းတစ်ယောက်က သူလိုချင်တဲ့ အင်္ကျီလေးတွေ့ပါတယ်။ ဆိုင်ပိုင်ရှင်ကောင်မလေးနဲ့ ဈေးကိုတော်တော်လေးညှိယူလိုက်ရတယ်။ ဒီလိုနဲ့ဈေးလည်းတည့်ရော သူငယ်ချင်းက အင်္ကျီကို ၀တ်ကြည့်တော့ တစ်ဆိုဒ်လောက်သေးနေတယ်။ အဲဒါနဲ့ ဆိုဒ်ရှာပေးမယ်ဆိုပြီး ကောင်မလေးက ဆိုင်အတွင်းပိုင်းကို ၀င်သွားတယ်။ တော်တော်နဲ့ထွက်မလာတာနဲ့ အတွင်းထဲကို လိုက်ဝင်ပြီးကြည့်တော့ … ဟောဗျာ … သူနဲ့ နောက်ထပ်ကောင်မလေးနဲ့ အင်္ကျီကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ဆွဲဆန့်နေကြတာဗျ ။ ကျွန်တော်တို့လည်း ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ။ သူငယ်ချင်းကလည်း တစ်အင်အင် နဲ့ဖြစ်သွားပါရောလား ။ ဒါနဲ့ ကောင်မလေးက နောက်ထပ်ဈေးထပ်လျှော့ပေးရှာတယ်။

အော် .. .. ကိုရီးယားသူ တွေ ပစ္စည်းတစ်ခုကိုရောင်းချင်ရင် အဲဒီလောက်ကြီးထိ စိတ်ကြီးရှာပါကလားနော် ။ နောက် ကိုရီးယားမှာ ပစ္စည်းဝယ်ရင် သူတို့ပေးတဲ့ ဆိုဒ်ကိုသာယူဖို့ အကြံဥာဏ်ပေးပါရစေလား … … …

။ ။ ။ နောက်မှ ဆက်ပါဦးမည် ။ ။ ။