August 22, 2009

မျှော်လင့်ခြင်းကြယ်'

မျှော်လင့်ခြင်းဆိုတဲ့
ကြယ်လေးတပွင့်ဟာ
ကျွန်တော့်ရင်ထဲမှာ
ပျောက်ကွယ်နေတာကြာပါပြီ
* * * အကယ်၍သာ
ဆက်ပြီးမျှော်လင့်နေရင်
ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းလေးက
ပြန်ပြီးလင်းလက်
တောက်ပ လာမှာတဲ့လား
* * * အကယ်၍သာ
ကြယ်လေးပြန်ပြီးအသက်ရှင်
လာမယ်ဆိုရင်တော့
ကျွန်တော့်မျှော်လင့်ချက်လေး
ထားချင်သေးတယ်
နောက်ဆုံးအနေနဲ့
ကျွန်တော့်ကို သူအလင်းပေးမှာပါ

သေချာပြီလား'


မိုးတိတ်သွားခဲ့တာ
သေချာသလား . . . ချစ်သူ
ကိုယ်တို့နှစ်ယောက်
ဖြတ်သန်းခဲ့တဲ့
မုတ်သုန်ရာသီကြီးက
ပြီးဆုံသွားလို့
မိုးတိတ်သွားခဲ့ပေမဲ့
ကိုယ့်မျက်ဝန်းထဲက
အခုမှ
သဲစပြုနေတယ် . . . ချစ်သူ

August 20, 2009

အချစ်ဆိုသည်မှာ.....













Source: Google


အချစ်မှာ...
မတူညီမှုတွေ.....
ခြားနားမှုတွေ....
မတူ မတန်တာတွေ...
မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးတွေ....
တစ်ခုမှ.... မရှိဘူး......
မလိုအပ်ဘူးလေ....

အချစ်မှာ ....
ချစ်နေဖို့....တစ်ခုတည်း လိုအပ်တယ်။

(Ž)

August 19, 2009

Tagမယ့် ပုံပြင် (မင်းမချစ်တော့တဲ့တနေ့ရောက်ရင်....)

အဟမ်း.....အဟမ်း....
ပုံပြင်သူ ပုံပြင်သားအပေါင်းတို့...
Tag တွေခေတ်စားနေတဲ့အချိန်မှာ ပုံပြင်မှာလည်း ထူးထူးခြားခြားလေးဖြစ်ရလေအောင်....အချင်းချင်းပြန် Tag ချင်ပါတယ်။
ခေါင်းစဉ်လေးကတော့.....'မင်းမချစ်တော့တဲ့တနေ့ရောက်ရင်.... ' တဲ့။
ကိုယ့်ရဲ့ ချစ်ရတဲ့သူလေးက မချစ်တော့ရင်....ဘယ်လိုနေမယ်....ဘယ်လိုခံစားရမယ်....ဘယ်လိုတွေဖြစ်မယ်.... စသည် စသည်ဖြင့်ပေါ့လေ...
ရေးမယ့်သူက လေးယောက်ဘဲရှိတာမို့....ရှိတဲ့သူပဲရေးကြတာပေါ့နော်။

ကဲ...ကဲစပြီ....
1. ~D_D~
2. neking (ရေးပြီး)
3. *s*
4. Ž (ဟီးဟီး...နာမည်က နောက်ဆုံးမှာဆိုတော့....နောက်ဆုံးမှတင်ရင်လည်းရတယ်ပေါ့ :P )

....

အတ္တနဲ့ မာနကြားက သိုးမည်းတစ်ကောင်
မောပန်းကာ ဒဏ်ရာဗလဗွနဲ့
မာကြောခက်ထန် အပြင်ပန်းလှတော့လည်း
ထမင်းတစ်ပန်ကန်းစာအတွက်
သူ .. အချည့်အနှီးခံလိုက်ရသတဲ့။

အဖြေ


နင်ပြောဖူးတယ်နော်
“နင်အရမ်းအတာပဲ” တဲ့
ငါ … အချစ်ကြောင့် အ ချင်ယောင်ဆောင်ခဲ့တာပါ ။ ။
“နင့်အတွက် တန်ရဲ့လား”တဲ့
ငါ … အချစ်ကို တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး ။ ။
“နင်ဘာတွေ ဖြစ်စေချင်တာလဲ” တဲ့
ငါ … နင့်ရဲ့ အရာရာ ဖြစ်ချင်ခဲ့တာပါ ။ ။
“နင်သေသေချာချာ စဉ်းစားပါ” တဲ့
င့ါ … နှလုံးသားနဲ့ ဦးနှောက် ထပ်တူညီ ဖြစ်ခဲ့ပါတယ် ။ ။
“နင့်ဘက်က ဆုံးရှုံးမှုတွေများပါတယ်” တဲ့
ငါ … အနိုင်အရှုံးတွေမှာ မပျော်မွှေ့တတ်ခဲ့လို့ပါ ။ ။
“နင့်ကို သနားတယ်” တဲ့
ငါ … မမေ့နိုင်မဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ။ ။
“နင် ငါ့ကိုမေ့လိုက်ပါတော့” တဲ့
ငါ … အခုထက်ထိကြိုးစားနေပါတယ် ။ ။ ။

Hope


အချစ်ဦးလည်း မဖြစ်နိုင်တော့ဘူး.....
အချစ်ဆုံးလည်း မဖြစ်နိုင်တော့ဘူး.....
ဒါပေမယ့်.... တနေရာစာလေးအတွက်တော့
ငါ....ပေကပ်ကပ်လေး ရပ်စောင့်နေမိသေးတယ်။


အိပ်မက်...တံငါ



သူက....
ကျွန်တော့်ရဲ့အိပ်မက်တွေကို ပိုက်ကွန်နဲ့ဖမ်းချုပ်ချင်သတဲ့။
အဲဒါ....ကျွန်တော်ချစ်တဲ့ကောင်မလေးပေါ့......
တခါတလေတော့လည်း....သူက 'တံငါ' ဆန်ချင်နေပြန်ရော။


မသေချာသော လိုအပ်ချက်များ


ကြယ်လေးတွေကြွေတိုင်း ဆုတောင်းမိတာ
အချစ်သစ် မဟုတ်ဘူး
ဖြူစင်တဲ့ ရင်ခုန်သံလေး တစ်ခုပါ ။ ။ ။
နေရောင်ခြည်လေးတွေ ဖြာကျတဲ့အခါ
ခံစားချင်တာ အချစ်မဟုတ်ဘူး
သံယောဇဉ်လေး တစ်ခုပါ ။ ။ ။
တိမ်တိုက်လေးတွေ လွင့်ပါးသွားတဲ့အခါ
ပျောက်ကွယ်သွားတာ အချစ်မဟုတ်ဘူး
မျှော်လင့်ချက်လေးတွေပါ ။ ။ ။
သစ်ရွက်လေးတွေ ကြွေကျတဲ့အခါ
နှမြောတမ်းတမိတာ အချစ်မဟုတ်ဘူး
ကြွေကျခဲ့တဲ့ နှလုံးသားလေးကိုပါ ။ ။ ။
စမ်းချောင်းလေး စီးဆင်းသွားတဲ့အခါ
မြောပါသွားတာ အချစ်မဟုတ်ဘူး
ဘ၀လေးတစ်ခုပါ ။ ။ ။
လေစိမ်းတိုက်တဲ့ အခါ
ရင်ထဲ လှိုက်ခါသွားစေတာ အချစ်မဟုတ်ဘူး
အိမ်မက်လေးတစ်ခုပါ ။ ။ ။

August 12, 2009

လူလိမ္မာ

ခေါက်ရိုးကျိုး နင့်ရဲ့ဆုံးမစကားတွေကြောင့်
ဆေးလိပ်အစား ပီကေဝါးတယ်
အရက်အစား ရေသောက်တယ်
ဒီလိုပါပဲ.....
မိုက်မဲစွာ ရိုကျိုးလိမ္မာနေမိတဲ့....ငါ
နင့်ကိုလွမ်းတိုင်း
ပါးညောင်း ဗိုက်ဖောင်းရတယ်။