April 29, 2009

ဘာမှမသိတော့ခြင်း

မျက်လုံးတွေကမြင်နေရ သော်ငြားလည်း
ဘ၀ကြီးက အဖြူအမဲ မသဲမကွဲနဲ့။

ခန္ဓာကိုယ်ကြီး တည်ရှိနေလည်း
မလည်ပတ်တော့ တဲ့ ယန္တာယားကြီးအတိုင်း
ဘာကုန်ပစ္စည်းမှ ထုတ်လုပ်နိုင်ခြင်းမရှိ။

ဝင်သက်ထွက်သက် မှန်ကန်နေသော်ငြားလည်း
အောက်ဆီဂျင် တွေက နှလုံးဆီမရောက်ခဲ့တာ ကြာပြီ။

ဦးနှောက်ကြီးက ပုံမှန်လှုပ်ရှားနေတယ် ထင်ခဲ့တာ
ပင့်ကူတွေတောင် သားဖွားကုန်ကြပြီ။

နှလုံးသားက ချစ်ခဲ့ဖူးတယ်လို့ ယူဆခဲ့တာ
အမှန်က ဆွဲငင်အားတစ်ခုကြောင့်
သံယောဇဉ်ကြိုးလေး တစ်မျှင်ရစ်ပတ်ခဲ့တာကွ။

ငါ့ရဲ့ တန်ဖိုးမရှိတဲ့ စကားလုံးတွေ လေထဲမှာ ၀ဲပျံရင်း
သစ်ရွက်လေးတွေလို အချိန်တန်ရင်ကြွေကျ
ဒီကမ္ဘာကြီး အတွက် အမှိုက် ဖြစ်တာပဲ ရှိမယ်။

မချစ်ကဗျာ တစ်ပုဒ်

တော်.. တော်
အချစ်ကဗျာ ဆိုတာ လာမရေးခိုင်းနဲ့
အမုန်းကဗျာ ရေးတဲ့ဘက်မှာ အားသာနေပြီ ။

နေပါစေ ..
လာမချစ် ခိုင်းပါနဲ့တော့
နှလုံးသား အပိုင်းအစ တွေကို
လိုက်ကောက်ရမှာ ပျင်းလွန်းလို့ပါ။

ထားလိုက်ပါတော့ ..
သံယောဇဉ် ဆိုတဲ့ ကြိုးကို
ရွှေကတ်ကြေးနဲ့ ဖြတ်ရင်
အချိန်မရွေး ပြတ်မဲ့ ကြိုးတစ်ချောင်းပါ။

ဝေးဝေးကနေပါ ..
မချစ်နိုင်တော့ ပေမယ့်
မုန်းဖို့အားအင်တွေ ရှိသေးတယ်။

April 27, 2009

ဖုံးကွယ်ထားတဲ့ ညံ့ဖျင်းမှု'

ချစ်သူသာ ကြည့်တတ်မယ်ဆိုရင်
ကျွန်တော့်ရင်ထဲက ချစ်ခြင်းတရားတွေရဲ့
အတိမ်အနက်ကို တွေ့လိမ့်မယ်
စာရွက်ဖြူတွေထဲ အတင်းထိုးသွင်းခဲ့တဲ့
ကျွန်တော့်ခံစားချက်တွေရဲ့ လေးနက်မှုအကြောင်း
ချစ်သူ သိလိမ့်မယ်
ချစ်သူကို ဖုံးကွယ်ထားခဲ့တဲ့
ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်က
ကျွန်တော့်နှလုံးသားရဲ့
ငိုကြွေးမှုတွေကို မြင်လိမ့်မယ်
အခွင့်ရှိရင်တော့
ကျွန်တော့်ရဲ့ထုတ်မပြရဲတဲ့
ညံ့ဖျင်းမှုတွေကို
ဖွင့်ဟပါရစေ . . .


နင့်ကိုသတိရတိုင်းသာ
ငါ့ကောင်းကင်မှာ
ကြယ်လေးတွေ ဖြစ်လာမယ်ဆိုရင်
ငါ့ကောင်းကင်ကြီးက
အမှောင်ဆိုတာကို
မြင်ဘူးမှာမဟုတ်တော့ဘူး...

April 23, 2009

သို့...ကောင်မလေး

ကောင်မလေး မင်းကပြောခဲ့တယ်
ရှင်ဟာအနားသတ်မှ မညီခဲ့တာ
ရှင်ခံခဲ့ရတာတောင် နဲသေးဆိုပဲ
ပြောမနေနဲ့ ငါကခေါင်းနဲနဲမာပါတယ်

ငါ့ကာရံတွေ ခြောက်သွေ့ခဲ့တယ်
ငါ့စကားတွေ ထိန်ချန်ခဲ့တယ်
ငါဟာပြင်းပြမှုတွေနဲ့ ပူလောင်နေတယ်
(ဒါပေမယ့်)
မင်းပြောခဲ့တဲ့ငါ့အကြောင်းက
မပြည့်စုံခဲ့ဘူးလေ

ဒီအတိုင်းထားလိုက်ရင်လဲ
ပျက်နေတာကြီးပြန်မကောင်းလာနိုင်ဘူး...ညီမရဲ့
မေ့ပစ်လိုက်ပါဆိုလဲ
အဲဒိလိုလုပ်ရအောင်လဲ
ပုံပြင်တစ်ပုဒ်မှမဟုတ်ခဲ့တာ
ငါ့သမိုင်းရဲ့အက်ကွဲမှုကို
(မင်းမပြောနဲ့)
ငါကိုယ်တိုင်တောင်စက်ဆုပ်ရွံရှာလို့

ဒီအတိုင်းကြီးပျင်းနေရတာ
ပျှော်ရွှင်မှုအသေကြီးတွေနဲ့ ရံဖန်ရံခါတွေ့နေရတာ
ခြောက်သွေ့နေတဲ့ထိန်ချန်မှုနဲ့နှစ်ပါးသွားနေတာ
ပြင်းပြမှုတွေနဲ့ငါပူလောင်နေတာ
ငါတော်ပါပြီ ငါမလိုချင်တော့ဘူး ငါစက်ဆုပ်ရွံရှာနေပြီ

အချစ်ကြောင့်ငါ့ဘ၀ပျက်တယ်လို့
ငါမယုံကြည်ခဲ့ပါဘူး...ပျက်ဖို့လဲမရှိပါဘူး
ဒါပေမယ့်ငါ့မှာနစ်မြုပ်သွားတာတော့အမှန်ပဲ
ကိုယ်ထူကိုယ်ထစနစ်ကို
ငါအရမ်းနှစ်သက်တာပါ
(ဒါပေမယ့်)
ဒီကိစ္စတော့ (တဆိတ်) မင်းရဲ့လက်တစ်စုံ
ခဏလေးဖြစ်ဖြစ်
ငါငှားပါရစေ....ကောင်မလေးရေ
မင်းကိုလေ...

March 29, 2009

ရှည်လျားသော ညလေးတစ်ည

ဒါကတော့ သက်သက်မဲ့ ဟိုဟာဒီဟာလေးတွေ ယားခဲ့တုန်းကပါ။ ။

နိုင်ငံမပြောင်းခင် ညလေးတစ်ည အလိုလောက်ကပေါ့ …
အာလာဒင်မှာ မာလာဒင်နဲ့ (ယောင်လို့ယောင်လို့ ..) ကစားနေတုန်းကပေါ့ ..
ချစ်သူငယ်ချင်း သွားသွားကြောင်ထားတဲ့ ကောင်မလေးနဲ့ သွားတိုးတာပေါ့ ။
သူကလည်း မြင်သွားတော့ ပြေးမလို့မမှီလိုက်ဖူး ဆိုပါတော့ ။
ဒါနဲ့ မကောင်းတတ်တာနဲ့ စကားလေး ဘာလေးပြောပေါ့ ..
သူက ရေဆာတယ်ဆိုတာနဲ့ Coke တစ်ယောက်တစ်ဗူး သွားဆွဲလိုက်တယ်
ဒါက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပေါ့ …
အဲဒီတုန်းကတည်းက Coke က တစ်ဗူး ငါးရာလောက်ဗျ ။
သူငယ်ချင်း မျက်နှာ ညှိုးမှာဆိုးလို့ ဒီကအနေသာကြီး ဗိုက်ဆံထုတ်ပေးလိုက်လေရဲ့
အာလာဒင်မှာ နဂိုကတည်းက ဒင်လို့ကောင်းနေတော့ ဘတ်ကျတ်က ပြားနေပြီလေ .. ..
ဒါနဲ့ သူ နည်းနည်းလစ်တာနဲ့ သူငယ်ချင်းဆီကိုဖုန်းလှမ်းဆက်ပြီး အကျိုးရယ် အကြောင်းရယ်ရှင်းပြတာပေါ့ ။
သူက မျှော်စင်ကျွန်းက ပါတီတစ်ခုကိုရောက်နေတယ်တဲ့ ..ဖြစ်နိုင်ရင် သူ့ဆီကိုလာခဲ့လို့ ဆိုပါတယ်။

အဲဒီညလေးကို ဒီလိုအဆုံးသတ်လိုက်ရမှာ နှမျောတာရယ် သူတို့နှစ်ယောက်ကို တွေ့စေချင်တာရယ်ကြောင့် … သွားဖို့ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ပါလာတဲ့ ညီမတစ်ဝမ်းကွဲဆီက ကျန်တဲ့ဗိုက်ဆံကိုချီးပေးဖို့ ခြေထောက်ဖက်ရမတတ် တောင်းပန်ခဲ့ရတယ်။
ဘာရယ်မဟုတ်ဘူး .. သူကလည်း ဒင်လို့မ၀သေးဘူးဆိုပဲ။ ။ ။

ဒါနဲ့ Taxi ပေါ်ရောက်သွားကြတယ်ပေါ့ နော်
အော် .. ရန်ကုန်ဆိုတာ ကိုယ့်အိမ်ပြန်တဲ့လမ်းလောက်တာမှတ်ထားတဲ့ကျွန်တော်က
Taxi သမားကို မသွားခင်ကတည်းက ဘယ်လောက်လည်းလို့ မမေးမိတာရယ်
မျှော်စင်ကျွန်းဆိုတာ တော်တော်ကြီးဝေးမှန်း …
ကားပေါ်ရောက်မှ တစ်လမ်းလုံး ဖင်တစ်ကြွကြွနဲ့
ဗိုက်ဆံမလောက်ရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာကြီးတွေးရင်း
Taxi ပေါ်ကခုန်ချချင်စိတ်တွေတောင် တစ်ဖွားဖွားနဲ့ ။
ဟိုရောင်ရင်လည်း သူငယ်ချင်းကို ချက်ချင်းတွေ့မှာမဟုတ်ဘူးလေ…

မျက်နှာကြီးကိုတာ ဓါးနဲ့ခြစ်ထားလိုက်ချင်ပါရဲ့ လို့ ညည်းညူရင်း ညည်းညူရင်း ..
ထင်ထားတဲ့ အတိုင်းပဲ ဗိုက်ဆံက နှစ်ရာလောက်လိုနေတယ်။
ဒါနဲ့ Taxi ဦးလေးကြီးကို ခဏစောင့်ပါလို့ပြောတော့လည်း
သူကဆွဲစရာတွေရှိသေးတယ်တဲ့ အချိန်မရှိဘူးဆိုတာနဲ့ …
ရှေ့မျက်နှာကြီးကို နောက်ပစ်ပြီး …
သူငယ်ချင်း ကောင်မလေးဆီက သွားတောင်းပြီး ပေးလိုက်ရတယ်
သူ ကလည်း ပြုံးစိစိလေးနဲ့ ။
ဒါနဲ့ သူငယ်ချင်းကို တွေ့တော့ ပြောရမှာရှက်လွန်းလို့
ယနေ့ထက်ထိတိုင် မပြောပြခဲ့ရသေးပါဘူး ..။
(သူငယ်ချင်းမင်းဖတ်နေရင် ခွင့်လွှတ်ပေးပါလို့ .. ဟီး.. )
အာမခံပြီး အပြီခေါ်လာပေးတာတောင် ဘုရားသခင်က မျက်နှာသာမပေးတဲ့ အဖြစ်။ ။ ။

ဒီလိုနဲ့ အိမ်ပြန်ခါနီးကျ သူငယ်ချင်းဆီက Taxi ဖိုးတောင်းရတာပေါ့ ။
ဒီကောင်ကလည်း မိဘကသာ မမွဲတာ ၊ သူကတော့ 24/7 မွဲနေတဲ့ကောင် ..
အိမ်ကိုလည်း ဖုန်းဆက်မခေါ်ရဲ ၊ ညကြီးမင်းကြီး အဲဒီမှာဘာသွားလုပ်လဲဆိုပြီး အကွိုင်ခံရမှာက ပိုဆိုးတယ်။
ဒါနဲ့ ဘာလုပ်လို့ ဘာကိုင်ရမလဲ ဖြစ်နေတုန်း … … …
သူ့ကောင်မလေးက အိမ်ကလာကြိုနေပြီတဲ့ ကျွန်တော့်ကိုပါ တစ်ခါတည်းလိုက်ပို့မယ်ဆိုပြီး … ပြောလာမှ
ဒီတစ်ခါတော့ ဘုရားမပြီဆိုပြီး အလုံးကြီးကို ကျသွားရော။

လမ်းမှာစောင့်နေရင်း ကျွန်တော်ကလည်း လျှာယားလိုက်သေးတယ်
“တစ်ကူးတစ်ကကြီး လိုက်ပို့တာ အားနာလို့ Taxi နဲ့ပြန်လည်းရပါတယ်” လို့ပြောတော့…
သူက ခပ်နောက်နောက်အသံနဲ့
“ဒါဆိုရင် Taxi ဖိုးချီးပေးလိုက်ရမှာလား” တဲ့ဗျာ .. ကောင်းရော။
ရှိသမျှ သွားတွေကိုဖြဲပြပြီး “မဟုတ်ပါဘူး” လို့ငြင်းယူရတယ်။

နောက်တစ်နေ့ မနက်ခင်းပိုင်းကြတော့လည်း
သူက ဖုန်းလှမ်းဆက်လာတယ်။ နှုတ်ဆက်ချင်လို့တဲ့ …
အဟုတ်မှတ်လို့နားထောင်တာ … သူ က
“လိုက်ပို့ပေးရမှာလား၊ ငွေချေပြီး Taxi ပို့ပေးလိုက်ရမှာလားတဲ့”
ကိုယ့်နှာဖူးကို ရိုက်ပြီး စိတ်ထဲကလည်း မေတ္တာပွားလိုက်သေးရဲ့
ကျွန်တော့်ကို ဖုန်းတစ်ကူးတစ်က ခေါ်ပြီးကို နှိပ်ကွက်တာ ခင်ဗျ ။ ။

နောက်ကိုယ်နဲ့ မဆိုင်ရင် ၀င်မပါနဲ့တဲ့ ၊ ၀င်ပါချင်ရင်လည်း အထုပ်အပြည့်ပါမှဝင်ကြပါလို့ …
ဒီဇာတ်လမ်းလေးကနေ တန်ဖိုးရှိတာလေးတွေ ယူကြပါနော် .. (သင်ခန်းစာ သင်ခန်းစာ)

ဧပရယ်

ဒီနွေဦးကတော့
ငါ့အတွက်ခပ်စွာစွာနဲ့ပဲဖူးပွင့်ခဲ့ပြီ
ကြေမွနေတဲ့ငါ့နှလုံးသားအတွက်
ခမ်းနားစွာနဲ့ပေါ့

ဖြစ်ရပ်ကတော့မနှစ်ကနဲ့မတူဘူးဟ
ငါအတွက်နှိပ်စက်နေတဲ့
မျှော်လင့်ခြင်းအိပ်မက်ဆိုးတွေက
ရုန်းထွက်နိုင်ခဲ့ပြီ

ဒါပေမယ့်....
ငါ့ရင်ဘတ်တခြမ်းတော့
စတေးခဲ့ရတာပေါ့

ဒါပေမယ့်ဆိုတဲ့
စကားလုံးနဲ့ကတော့အခုထိ
မလွတ်နိုင်ခဲ့သေးဘူးဗျာ

ဒီနှစ်တော့မင်းကိုငါလှိုက်လှဲစွာနဲ့
ကမ်းလင့်ပါတယ်
မင်းအခါခါငါ့ဆီလှမ်းလာခဲ့ပေမယ့်
ငါမင်းအတွက်မကြိုဆိုမိခဲ့ပါဘူး။

ဟိုတခါနင်လာတုန်းက
နင့်ရင်ဘတ်မှာပူလောင်မှုတွေ
ခမ်းခြောက်မှုတွေ
အထီးကျန်ဆန်ခြင်းတွေနဲ့ပေါ့

ငါမသိချင်ယောင်ဆောင်ခဲ့တာလား
ဒါမှမဟုတ်မင်းကပဲဟန်ဆောင်ကောင်းတာလား
ငါမသိခဲ့ပါဘူး
မင်းကဇွဲကောင်းကောင်းနဲ့
ငါဆီကိုအမြဲအလည်လာတတ်တယ်နော်

ကဲ...ဒီတစ်ခါတော့
မင်းနဲ့အတူတူ
ငါ့နွေဦးပုံပြင်တစ်ပုဒ်အတွက်
ပူလောင်မှုတွေနဲ့ဖြစ်ဖြစ်
ခမ်းခြောက်မှုတွေနဲ့ဖြစ်ဖြစ်
အထီးကျန်ဆန်ခြင်းတွေနဲ့ပဲဖြစ်ဖြစ်
ဖန်တီးကြည့်ကြတာပေါ့ကွာ

March 26, 2009

ပထမဆုံးသော...အပိုင်း (၃)

ဒါနဲ့ပဲ ၇နာရီ၄၅လောက်မှမိုးကစဲသွားတယ်။
မိုးစဲသွားတာနဲ့ကျွန်တော်လဲကောင်မလေးရှိတဲ့ကျူရှင်တိုက်ကိုအမြန်ပြန်ပြေးတာပေါ့ဗျာ။
မပြေးလို့မရဘူးလေ။သူကျူရှင်ဘယ်အချိန်ဆင်းမလဲ ကျွန်တော်မှမသိတာ။မတော်လို့ စောစောဆင်းသွားရင်
ခက်အုံးမယ်။ကျူရှင်တိုက်ခန်းရှေ့ရောက်တော့ သူတို့ရှိမယ်အထပ်လေးကို(၄ထပ်)မျှော်ကြည့်မိတယ်။
ရှိမှရှိပါအုံးမလားလို့ပေါ့။မိုးကလဲချုပ်နေပြီဆိုတော့ ဘာမှမမြင်ရပါဘူးဗျာ။အဲဒါနဲ့ အောက်မှာရှိတဲ့ လက်ဖက်ရည်
ဆိုင်ထဲဝင်ထိုင်လိုက်တယ်။ကျွန်တော့်ရဲ့ပထမဆုံးသောတစ်ယောက်ထဲလက်ဖက်ရည်ဆိုင်ထိုင်ဖူးခြင်းပါ။
ကျွန်တော်အဲဒါမတိုင်ခင် လက်ဖက်ရည်ဆိုင်၃ခါ၎ခါပဲထိုင်ဖူးပါတယ်။ဒါတောင်သူငယ်ချင်းတွေနဲ့ပါ။
အင်း...ထိုင်လိုက်တော့ စားပွဲထိုးလေးကလာမေးတယ်ဗျ။အကိုဘာသောက်မလဲတဲ့။
အဲဒါနဲ့ကျွန်တော်လဲပါးစပ်ထဲရှိတဲ့ဟာပြောလိုက်တယ်။ချိုဆိမ့်လား ချိုကျလားမသိဘူးဗျ။
မှန်တာပြောရရင် လက်ဖက်ရည်ကို သောက်လဲမသောက်၊ကြိုက်လဲမကြိုက်ဖြစ်၊မှာလဲမမှာတတ်တဲ့ကောင်ပါ။
ဒါပေမယ့်ဟန်ကိုယ်ဖို့ပေါ့ဗျာ။

စားပွဲထိုးလေးကလဲ ကျွန်တော့်ကိုသတိထားမိတယ်ဗျ။ထားမိမှာပေါ့ သူတို့ဆိုင်ရှေ့မှာတ၀ဲလည်လည်
၁နာရီလောက်လုပ်သွားတာကိုး၊ပြီးတော့ ပြန်လာတော့လဲ အမောတကြီးလဲရွဲရွဲစိုလို့လေ။
သူလဲကျွန်တော့်ကိုမှတ်မိ၊ ကျွန်တော်လဲသူ့ကို မှတ်မိတာပေါ့။ဟဲဟဲ...ဒါပေမယ့်ဟန်တော့မပျက်စေနဲ့ပေါ့ဗျာ။
လက်ဖက်ရည်တစ်ခွက်လာချပေးတယ်။ပြီးတော့ ခပ်လှမ်းလှမ်းမှာစားပွဲထိုးလေးကသွားရပ်ပြီး သူရဲ့
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားဟေးလားဝါးလားလုပ်နေပါတယ်။
အဲဒါကို ကျွန်တော့်စိတ်ထဲမှာ ငါ့အကြောင်းများပြောပြီးရယ်နေတာလားလို့လဲ မဆီမဆိုင်တွေးမိသေးတယ်ခင်ဗျ။
လာချတဲ့လက်ဖက်ရည်ကို ဇွန်းလေးနဲ့မွှေနေရင်စဉ်းစားနေမိတယ်။ကျွန်တော့်ကောင်မလေးကျူရှင်ပြီးများ
ပြီးသွားပြီလားပေါ့။ဒါပေမယ့် ၈နာရီထိုးဖို့က နည်းနည်းလိုသေးတော့မဟုတ်လောက်ပါဘူးလို့ပဲတွေးပြီး
စောင့်နေရတာ ပြီးတော့ ဘေးဘီကိုလဲအကဲလှမ်းခတ်ရသေးတယ်။ဘယ်သူများငါ့ကိုသတိထားပြီး
ကြည့်နေသလဲပေါ့။တကယ်ပါဗျာ နောက်ကျောမလုံတဲ့ဒုက္ခဆိုတာအဲဒိတော့မှနားလည်တယ်။
ဘာမဟုတ်တာကို ဘာမှန်းမသိပဲကြောက်နေတာတော်တော်ဆိုးတယ်ဗျ။
ဒါပေမယ့်သူတို့ဆင်းလာမယ့်တိုက်လှေခါးကကျွန်တော်ထိုင်နေတဲ့ထိုင်ခုံနဲ့သိပ်မဝေးဘူး။
ပြီးတော့ မြင်လဲမြင်နေရတယ်ဆိုတော့အဆင်တော့ပြေတာပေါ့။
အဲဒါနဲ့ပဲလှေခါးကိုပဲအာရုံစိုက်ပြီးလက်ဖက်ရည်ကိုတငုံလှမ်းသောက်လိုက်တယ်။

အင်...တမျိုးပါလား
နောက်တငုံထပ်သောက်ကြည့်...
အီး...ဘယ်လိုကြီးလဲဟ။
ဟုတ်တယ်လက်ဖက်ရည်ကဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်သောက်ဖူးတဲ့ လက်ဖက်ရည်တွေနဲ့တော်တော်ကွာတယ်ဗျ။
ကျွန်တော်မှာလိုက်တာလက်ဖက်ရည်မှဟုတ်ရဲ့လား။
အင်း......ဟုတ်တော့ဟုတ်ပါတယ်။
ဘာလို့လဲဆိုတော့အဲဒိတုံးကခေတ်စားနေတဲ့ရှယ်ဆိုတာဇွန်းနဲ့ဗျလို့ဆိုတာလေ။
ကျွန်တော်ခွက်မှာဇွန်းကြီးတန်းလန်းနဲ့....
ဒါပေမယ့် လက်ဖက်ရည်ကတော်တော်ကြီးကိုဖန်နေတာဗျ။ဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်အဲဒိလိုဖြစ်နေတော့ ကိုယ့်ကိုယ်ကိုမလုံတာနဲ့ဘေးဘီကိုမသိမသာကြည့်တော့ စားပွဲထိုးလေးက
ကျွန်တော့်ကိုကြည့်နေတယ်ခင်ဗျ။သူကြည့်တာကရိုးရိုးပါ။ကျွန်တော်အဆင်ပြေမပြေဂရုစိုက်တဲ့ပုံမျိုးပေါ့။
ခက်တာကကိုယ်ပဲလေ။ကိုယ့်ဟာနဲ့ကိုယ်မလုံတော့ ဒီကောင်များငါ့ကိုခြောက်ချတာလားပေါ့။
ဒါပေမယ့် ကျွန်တော်က ကြောက်လဲကြောက်တတ်တော့ သူများရပ်ကွက်ထဲသွားပြီးစွာ
လို့ငါ့ကိုဝိုင်းရိုက်လဲ ဒုက္ခဆိုပြီးတွေးမိသေးတယ်။စားပွဲထိုးလေးလဲ ကျွန်တော့်ဆီကိုလာပြီး အကိုဘာလိုလို့လဲ
မေးပါတယ်။ကျွန်တော်လဲယောင်ပြီး ရေနွေးကြမ်းအိုးလို့ပြောတော့သူကအကို့ရှေ့မှာလေတဲ့။
ဟီးဟီး....နည်းနည်းတော့ရှက်သွားတာပေါ့။ကိုယ့်ကိုယ်ကိုယ်လက်ဖက်ရည်သောက်နေကျ
လူလိုပုံဖမ်းပြီး ဆိုဒ်ကြီးဂိုက်ကြီးနဲ့သောက်နေတာကိုး။

ပြီးတော့ပြောရအုံးမယ်။အဲဒိလက်ဖက်ရည်ဆိုင်က ရန်ကုန်မြို့မှာနာမည်ကြီးဆိုင်ဗျ။
ကျွန်တော်လဲသူငယ်ချင်းတွေပြန်ပြောမှသိရတာ။လူဝင်လူထွက်ကလဲများမှများ။
ကိုယ်နေရာရဖို့တောင် တခါတလေခက်တယ်ဗျ။အဲဒိတော့ကျွန်တော်ကလဲအချိန်ထပ်ဖြုန်းရအုံးမယ်ဆိုတော့
အလွန်ဖန်ပြီးလန်ထွက်နေသော လက်ဖက်ရည်လေးကိုအားကိုးပြီး ထိုင်နေရအုံးမှာပဲလေ။
ဒါနဲ့ ရေနွေးသောက်လိုက်၊လက်ဖက်ရည်ဖန်ဖန်သောက်လိုက်နဲ့၁၅မိနစ်လောက် အချိန်ထပ်ယူလိုက်တယ်ပေါ့ဗျာ။(လက်ဖက်ရည်အဖန်သောက်ရင်ကျက်သရေအမှန်ရောက်တယ်ကြံသလောက်ပြီးတဲ့ရေ)ဆိုတာကြားဖူးမှာပေါ့။
ကျွန်တော့်မှာတော့ မိုးမိလို့အေးတာကတစ်မျိုး၊ရည်းစားကျူရှင်ဆင်းသွားမှာကိုစိုးတာကတဖုံ၊လောလောဆယ်
သောက်နေတဲ့ခွက်က(လက်ဖက်ရည်ခွက်ပြောပါတယ်)အသုံးမကျတာက တဖြစ်ဆိုတော့ ကျက်သရေ ရှိလား မရှိလား မိတ်ဆွေပဲတွေးကြည့်ဗျာ။

ခဏနေတော့ကျူရှင်လှေခါးကကောင်လေး၊ကောင်မလေးတွေဆင်းလာတာတွေ့တယ်ဗျ။
ကျွန်တော်လဲ နဲနဲအားတက်သွားပြီး စားပွဲထိုးလေးကိုခေါ်လိုက်တယ်။လက်ဖက်ရည်ဖိုးရှင်းထားတာလေ။
စားပွဲထိုးလေးကကျွန်တော်ခွက်ကိုတစ်ချက်ကြည့်ပြီး မပြီးသေးဘူးဆိုတာသိတော့ မသိမ်းသွားသေးပါဘူး။
ထပ်သောက်ပေါ့။ထားခဲ့တယ်....
ကျွန်တော်လဲ လှေကားကိုမျက်ခြေမပျက်အာရုံစိုက်နေလိုက်တာ မျှော်လင့်နေတဲ့သူလေးကိုတွေ့လိုက်ပါပြီဗျာ။
သူက သူ့သူငယ်ချင်းကောင်မလေးတွေနဲ့စကားတပြောပြောနဲ့ဆင်းလာတာဗျ။
ကျွန်တော့်ကိုလဲတွေ့ရော ပထမအံ့သြသွားတယ်ခင်ဗျ။ဟုတ်တယ်လေ။
သူနဲ့ညနေကလာတုန်းကအကောင်းအခုမှကျိုး...အဲဟုတ်ဘူး။
အခုအားလုံးစိုရွဲနေပြီး ကြွက်စုတ်ဖြစ်နေလို့ပေါ့။ဒါနဲ့ကျွန်တော်လဲမြန်မြန်ထမလို့ လက်ကျန် လက်ဖက်ရည်ခွက် ထဲက အရည်တွေကိုသောက်ချလိုက်ပါတယ်။

အော်....
အဲဒိတော့မှကိုယ့်ကိုယ်ကိုသိတော့တယ်။တောသားမှန်း။ရယ်ချင်တာလဲမပြောပါနဲ့ဗျာ။
ဘာလို့လဲဆိုတော့ ကျွန်တော်သောက်တဲ့လက်ဖက်ရည်ခွက်ရဲ့ခွက်အောက်ခြေမှာ နို့ဆီတွေမှအများကြီးရယ်ဗျ။
ကိုယ့်ဟာနဲ့ကို ရည်းစားအပူမိပြီး လက်ဖက်ရည်ဖျော်တာအပေါ်ယံကပ်ဖျော်မိတာကိုး။
အဲဒါမိုလို့ အရသာမရှိဖြစ်နေတာပေါ့။အဲဒါကို ဘာမဆိုင်ညာမဆိုင်တွေလျှောက်တွေးနေသေးတယ်လေ။
ရည်းစားနဲ့ပြန်သွားရလို့ပေါ့ဗျာ..တလမ်းလုံးပြုံးစိပြုံးစိကိုဖြစ်နေတာ။သူကတော့ထင်မှာပေါ့ဗျာ ရည်းစားကို
လာကြိုရလို့ ပျော်ပြီးပြုံးနေတယ်လို့။ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုသိတာပေါ့။
ပျော်တာလဲပါပါတယ်။စိတ်ညစ်တာတွေလဲပါပါတယ်။ အားလုံးပေါ့။
ဒီလိုနဲ့ပထမဆုံးရည်းစားသွားကြိုတဲ့အတွေ့အကြုံလေးဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားတယ်ဆိုပါတော့ဗျာ....


(ပထမဆုံးသောပိုစ့်လေးကိုစိတ်ရှည်လက်ရှည်အားပေးတဲ့အတွက်ကျေးဇူးပါ။ဒီပုံပြင်ဘလောက်မှာ
လဲဒီပိုစ့်ကကျွန်တော်အတွက်ပထမဆုံးပါပဲ)

ဏီ(န်)ကင်း

March 25, 2009

ပထမဆုံးသော...အပိုင်း(၂)

ပထမပိုင်းမှာပြောခဲ့သလိုပဲ....ကျွန်တော်က တောသားလောက်နီးနီး ရန်ကုန်ရည်လည်တာလေ။

အဲဒိတုန်းက အချိန်ဖြုန်းနည်းတွေကို လုံးဝမသိခဲ့ရိုးအမှန်ပါ။
သူများတွေလိုမျိုးတခြားတစ်နေရာသွားဖို့ကျွန်တော့်မှာမရှိဘူး။
အိမ်ပြန်ဖို့ကလဲပြန်လာရင်အဝေးကြီးဆိုတော့ ပြန်မသွားချင်ဘူး။အဓိကကတော့ပိုက်ဆံပေါ့ဗျာ။
ပိုက်ဆံယူလာတာက အဲဒိတုံးကဆိုရင်၂၅၀လားပဲပါတာ။ ဒါပေမယ့်ဘတ်စ်ကားတခါစီးရင်၂၀နဲ့ဂိတ်စဂိတ်ဆုံး
စီးလို့ရတဲ့အချိန်မှာဗျာ။ဟုတ်တယ်မလား။လက်ဘက်ရည်တစ်ခွက်ကမှ၅၀လောက်ပဲရှိသေးတယ်လေ။
ဒီလိုနဲ့ သူတို့ကျူရှင်ရှေ့က သစ်ပင်ကြီးရဲ့ဘေးမှာယောင်ချာချာဖြစ်နေတာပေါ့ဗျာ။
မှတ်မိသေးတယ်အဲဒိသစ်ပင်ကြီးကဗန်ဒါပင်ကြီးဗျ။

ကောင်မလေးကလဲစိတ်မချလို့ထင်ပါတယ်။ကျူရှင်တိုက်ခန်းဝရန်ဒါကနေပြီး ထွက်ထွက်ကြည့်တတ်တယ်ဗျ။
သူထွက်ကြည့်တာလေးမြင်တော့ ကျွန်တော်လဲအားတက်ပြီးဆက်စောင့်တာပေါ့ဗျာ။
ဒါပေမယ့်လူကမခံနိုင်တော့ဘူး။ခြေထောက်တွေညောင်းနေပြီဗျ။
ထိုင်ဖို့နေရာကြည့်လိုက်တော့ မရှိဘူးဗျ။အဲ..သူတို့ကျူရှင်ဘက်ခြမ်းကကျူရှင်တိုက်
အောက်မှာတော့ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့
ဘယ်လိုတွေးလဲဆိုရင်ဒီလက်ဘက်ရည်ဆိုင်ကိုငါသွားထိုင်လဲအလွန်ဆုံးအချိန်ဖြုန်းနိုင်မှ နာရီဝက်လောက်ပဲကုန်မယ်။ငါကဆေးလိပ်သောက်တတ်ရင်တော့ အချိန်ပိုဖြုန်းနိုင်မယ်။
ဒါပေမယ့်မသောက်တတ်တော့ အဆင်မပြေဘူး။ ရေးနွေးကြမ်းတွေချည်းပဲ ထိုင်သောက်ရအောင်လဲ ဒီကြားထဲအပေါ့အပါးသွားချင်ရင်လဲ ကျွန်တော်နေရာဒေသကိုမကျွမ်းဘူးသေးဘူး။
လက်ဖက်ရည်သောက်မယ့်ကိစ္စကို နောက်ဆုံးအစီအစဉ်အဖြစ် ထားလိုက်တာပေါ့ဗျာ။ကိုယ်ကလဲ အဲဒိနယ်မြေကိုတစ်ခါမှမရောက်ဖူးတာလဲပါမှာပေါ့။ ပထမဆုံးတွေပါဆိုမှ....ဟဟ။

အဲ....နာရီကိုကြည့်တော့ ၆နာရီ၄၅ပဲရှိသေးတယ်။သူ့ကျူရှင်က ၆နာရီကနေ ၈နာရီလောက်အထိမှန်းတာပဲ။
နောက်တော့ ဒီအတိုင်းရပ်နေမယ့်အတူတူ လမ်းလျှောက်မယ်ကွာဆိုပြီး လမ်းတွေပတ်လျှောက်နေလိုက်တယ်။
ကိုယ်မရောက်ဖူးတဲ့ရပ်ကွက်ဆိုတော့ တော်တော်စိမ်းတယ်ဗျ။လူတွေကလဲကြည့်နေတာပေါ့။
သူတို့ကြည့်လေ ကျွန်တော်မနေတတ်လေပဲ။တစ်ခုခုများဖြစ်မလားဆိုတဲ့ စိတ်ကပေါ်ပေါ်လာတယ်။
ပြောရမယ်ဆိုရင်တော့် ကြောက်တာပေါ့ဗျာ။ရည်းစားနဲ့ တခါမှမသွားဖူးဘူးလေ။
အိမ်ကလူတွေများတွေ့မလား၊အိမ်ကမတွေ့ရင်တောင်အဖေ၊အမေတို့ရဲ့မိတ်ဆွေတွေမြင်သွားမလားဆိုပြီး
ကြောက်ရသေးတယ်ဗျာ တကယ်... ။ အဲဒိတုန်းကဘယ်လိုပြန်ရင်ဆိုင်ရမလဲဆိုတာမတွေးတတ်သေးဘူး။
ဒါပေမယ့်တွေ့ချင်တဲ့သူတွေလဲရှိတယ်ဗျ။အဲဒါကတော့တစ်တန်းထဲနေတဲ့သူငယ်ချင်းတွေပဲ ။
ဟဲဟဲ ကြွားချင်လို့ပါ မင်းဘာလာလုပ်တာလဲမေးရင်ငါ့ရည်းစားကိုကျူရှင်လာပို့တာလို့ပြောချင်နေတာ
ယားနေတာပဲ...ပါးစပ်။ အနည်းဆုံးတော့နှစ်ယောက်ဖြစ်တော့စကားပြောဖော်ရတာပေါ့။
လူတွေလဲဒီကောင်လေးကသူငယ်ချင်းလာစောင့်တာပဲလေဆိုပြီးထင်ပါစေပေါ့ဗျာ။

ကံဆိုးချင်တော့ ဘယ်သူ့နဲ့မှမတွေ့ဘူး။ကျွန်တော်လဲ နောက်တခါဆိုရင်တော့ ဒီအနားမှာနေတဲ့သူငယ်ချင်းတွေကို မေးထားရအုံးမယ်ဆိုပြီး တေးထားတုန်း ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသူကတော့ မိုးပဲဗျ။
ကျွန်တော့်ကောင်မလေးကိုစောင့်နေတဲ့အချိန်ကတည်းက ညို့နေတဲ့မိုးက ၀ုန်းဒိုင်းကြဲပြီးတော့ကို ရွာချလိုက်ပါရောဗျာ။ နဂိုကမှသွားစရာမရှိလို့ မျက်နှာငယ်နေတဲ့မောင်ဏီ(န်)ကင်းတစ်ယောက် ဟိုပြေးရမလို၊ဒီပြေးရလိုဖြစ်ရောဗျို့။ မိုးကဘယ်လောက်ရေပါလဲဆိုတော့ ကျွန်တော်အမိုးတစ်ခုအောက်ကိုခိုမိလိုက်ချိန်မှာ ကျွန်တော့် အ၀တ်အစားတွေရေညစ်ချလို့ရနေပြီလေ။
ဘယ်လိုမှ ကိုယ်ငွေ့နဲ့ပြန်မခြောက်နိုင်လောက်တဲ့ ရွဲရွဲစိုမှုပေါ့ဗျာ။
လူလဲနည်းနည်းတော့သေချင်စော်နံနေပြီ။ရန်ကုန်မိုးကသိတဲ့အတိုင်း အရမ်းရွာရင်အောက်ကမြောင်း
ရေပါလိုက်တက်တာကိုး။ကျွန်တော်ခိုနေတာကလဲ အကြော်တဲသာသာလောက်ရှိတဲ့အမိုးလေး။
အမိုးအောက်မှာလောလောဆယ်မိုးခိုနေတာလဲ ကျွန်တော်အပါအ၀င်လူငါးယောက်လဲရှိသေးတယ်။
အပေါ်ပိုင်းကိုမိုးမစိုတော့ပေမယ့် ခြေထောက်တွေကရေနစ်နေပြီလေ။
ကျွန်တော်ကလဲ တော်ရုံတန်ရုံဆိုအတော်ပေတဲ့ကောင်ပါပဲ။အဲဒီအချိန်တုံးကတော့သေချင်စော်
တကယ်နံမိတယ်ဗျာ။ထီးဘယ်တော့မှမဆာင်တဲ့ကိုယ့်ကိုယ်ကို ပထမဆုံးအပြစ်တင်မိတယ်ဗျို့။



ဆက်ရန်.....
အပိုင်း (၃)

ပါတနာကြီး

မပြီကလာ ပြီကလာ စကားတွေ သူယောင်ချ …
အိပ်ချင်သံလား မပီသံလား နည်းနည်းမှမကွဲဘူးဗျ..
“အင်း” ပြီးမှ နားလည်သလိုလို အယောင်ဆောင်ပေါင်းများပြီကို..
စကားဝဲသလား မေးမိတော့ ၀ူးဝူး ၀ါးဝါးနဲ့အော်တယ်ဗျို့ …

ကြိုက်တတ်လိုက်တဲ့ အရုပ်က သူ့ထက်နှစ်ဆကြီးတယ် ခင်ဗျ …
တူချင်လွန်းလို့ သူကျင့်ကြံ သန်းခေါင်ယံကျော်သွားပြန် …
အိပ်ပါဆိုလည်း သူမအိပ်တော့ ဘလော့တွေလျှောက်ဖတ်တတ်တယ်ဗျို့ ..
စားရှာသော်လည်း မ၀ပြန် ဘ၀ပေး ကုသိုလ်ကံ …
ဒါပေမယ့်လည်း သူလက်မလျှော့ ဖရဲသီးတစ်ခြမ်းကုန်တယ်ဗျို့ ..

တစ်ခါတစ်ခါ သူ အားနာလွန် အံသြလောက်အောင် အဖြစ်တွေမွန် …
မမေးပါနှင့် ယောင်လို့မှ သူအလွန် စိတ်နာသွားတတ်ပါ့ …
အားမနာတတ်ဖို့ သင်ပေးလျှင် သူလက်မခံချင် ..
အမေပေးတဲ့ အူဝဲပီဇ သွေးကြောထဲမှာစီးဝင်တယ်ဗျ ..
စွန့်လွှတ်ဖို့က ခပ်ရေးရေးဆိုတော့ ထပ်ပြီးမပြောချင်တော့ ..

တစ်ခါကလည်း သူအ၀တ်မှား ခြေဖနောင့် အနာဖြစ်သွား ..
ဒါပေမယ့်လည်း သူဇွဲမလျှော့ နောက်နေ့ကျတော့ ခွင့်ယူသဗျို့ ..
တစ်သက်နဲ့တစ်ကိုယ် မကြုံဖူး လေးစားမိတဲ့ သူလိုလူမျိုး …